စိုးရိမ်ရလားရှင့်။
(ယူနီကုဒ်) လောင်မီးပိုး(သို့မဟုတ်) ကျောက်ဆူးပိုး ========================== မင်္ဂလာပါခင်ဗျာ... ဒီနေ့မှာ မျှဝေပေးသွားမှာကတော့ ခုလတ်တလော စပါးခင်းတွေမှာ ကျရောက်မှုများနေတဲ့ လောင်မီးပိုးအကြောင်း ဖြစ်ပါတယ်။ ပိုးကောင်ရဲ့ခန္ဓာကိုယ်မှာပါတဲ့ မာကျောတဲ့ဆူးတွေကြောင့် ကျောက်ဆူးပိုးလို့လည်း ခေါ်ကြပါတယ်။ ဖျက်ပိုးပုံသဏ္ဍာန် နှင့် ကျရောက်တတ်သော ပတ်ဝန်းကျင်အခြေအနေ =============================================== စပါးပျိုးခင်းတွေနဲ့ အပင်ပွားချိန်တွေမှာ အများဆုံး ကျရောက်ဖျက်ဆီးတတ်တဲ့ ဖျက်ပိုးတစ်မျိုးဖြစ်ပြီး ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့နေရာတွေမှာ ကျရောက်မှုများတတ်ပါတယ်။ အဓိကအားဖြင့် ပေါင်းမြက်ထူထပ်တဲ့ စိုက်ကွင်းတွေနဲ့ မြေသြဇာ အလွန်အကျွံကျွေးတဲ့ စိုက်ခင်းတွေမှာ ကျရောက်မှုများပြီး ပျက်စီးမှုလည်း ပိုများတတ်ပါတယ်။ မိုးများပြီး လေထုစိုထိုင်းဆများတဲ့ စပါးစိုက်ခင်းတွေမှာဆိုရင် ပိုမိုတွေ့ရတတ်ပါတယ်ခင်ဗျာ။ ဖျက်ဆီးပုံ နှင့် ပျက်စီးမှုလက္ခဏာ ======================= ဒီဖျက်ပိုးဟာဆိုရင် အရွက်ရဲ့ အစိမ်းရောင်တစ်ရှူးသားကို အဖြူရောင်အမြှေးပါးပဲကျန်အောင် ခြစ်စားလေ့ရှိပါတယ်။ ပိုးကောင်ငယ်တွေဟာ အရွက်ရဲ့ အလွှာ(၂)ခုကြားမှထွင်းပြီး ခြစ်စားတဲ့အတွက် လှိုဏ်ခေါင်းတွေဖြစ်နေတတ်ပြီး လက်နဲ့စမ်းကြည့်မယ်ဆိုရင် ဖုထစ်နေတတ်ပါတယ်။ နေရောင်မှာထောင်ကြည့်လိုက်မယ်ဆိုရင် ပိုးကောင်ငယ်ကို မြင်နိုင်ပါတယ်။ ပိုးကောင်ငယ်တွေရဲ့ စားသောက်ဖျက်ဆီးမှုကြောင့် အရွက်ဖျားခြောက်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး ဖျက်ဆီးမှုများလာတဲ့အခါ စပါးရွက်ခြောက်တာတွေ များလာပြီး မီးလောင်ထားသလို ဖြစ်တဲ့အတွက် လောင်မီးပိုးလို့ခေါ်ကြခြင်း ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းနည်း =============== ဖျက်ပိုးတွေကို ကာကွယ်ဖို့ပြောတဲ့အခါ ပိုးကောင်တွေ ပွားများခိုအောင်းနိုင်တဲ့ ပေါင်းမြက်တွေ ရှင်းဖို့ အထူးအရေးကြီးပါတယ်။ စိုစွတ်တဲ့အခြေအနေတွေမှာဆိုရင် ရေကို (၃)ရက်ခန့် ထုတ်ပေးရပါမယ်။ ပျိုးခင်းအဆင့်ကတည်းက ကျရောက်မယ်ဆိုရင် လှိုဏ်ခေါင်းပုံဖျက်ဆီးမှုတွေ ပါရှိတဲ့ အရွက်ထိပ်ဖျားပိုင်းကို ဖြတ်ပြီး မြေမြှုပ်ဖျက်ဆီးပြီးမှ ရွှေ့ပြောင်းစိုက်ပျိုးသင့်ပါတယ်။ အနက်ရောင်ရှိတဲ့ ဖျက်ပိုးအရွယ်ရောက်ကောင်တွေကို နံနက်ပိုင်းမှာ ပိုးကောင်ဖမ်းပိုက်တွေနဲ့ ဖမ်းယူဖျက်ဆီးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် စပါးရုံတစ်ရုံမှာ ပိုးကောင် (၁) ကောင် (သို့မဟုတ်) ဖျက်ဆီးခံထားရတဲ့ စပါးရွက် (၂) ရွက်ခန့်တွေ့ရှိပါက ပင်လုံးပြန့်ပိုးသတ်ဆေး (ဥပမာ - အဆီဖိတ်၊ ကာဘာရိုင်း၊ ကာတပ်ဟိုက်ဒရိုကလိုရိုက်ဒ်) တစ်မျိုးမျိုးနဲ့ ပက်ဖျန်းနှိမ်နင်းနိုင်ပါတယ်။ သတိပြုရန် ======= ပိုးကျနေတဲ့အချိန်အတွင်းမှာ ပုလဲဓာတ်မြေသြဇာကို လုံးဝ အသုံးမပြုရပါဘူးခင်ဗျာ။ ----- ရေတံခွန် (ဇော်ဂျီ) လောင်မီးပိုး(သို့မဟုတ်) ကျောက်ဆူးပိုး ========================== မင်္ဂလာပါခင်ဗျာ... ဒီနေ့မှာ မျှဝေပေးသွားမှာကတော့ ခုလတ်တလော စပါးခင်းတွေမှာ ကျရောက်မှုများနေတဲ့ လောင်မီးပိုးအကြောင်း ဖြစ်ပါတယ်။ ပိုးကောင်ရဲ့ခန္ဓာကိုယ်မှာပါတဲ့ မာကျောတဲ့ဆူးတွေကြောင့် ကျောက်ဆူးပိုးလို့လည်း ခေါ်ကြပါတယ်။ ဖျက်ပိုးပုံသဏ္ဍာန်နှင့် ကျရောက်တတ်သောပတ်၀န်းကျင်အခြေအနေ ============================================= စပါးပျိုးခင်းတွေနဲ့ အပင်ပွားချိန်တွေမှာ အများဆုံး ကျရောက်ဖျက်ဆီးတတ်တဲ့ ဖျက်ပိုးတစ်မျိုးဖြစ်ပြီး ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့နေရာတွေမှာ ကျရောက်မှုများတတ်ပါတယ်။ အဓိကအားဖြင့် ပေါင်းမြက်ထူထပ်တဲ့ စိုက်ကွင်းတွေနဲ့ မြေသြဇာ အလွန်အကျွံကျွေးတဲ့ စိုက်ခင်းတွေမှာ ကျရောက်မှုများပြီး ပျက်စီးမှုလည်း ပိုများတတ်ပါတယ်။ မိုးများပြီး လေထုစိုထိုင်းဆများတဲ့ စပါးစိုက်ခင်းတွေမှာဆိုရင် ပိုမိုတွေ့ရတတ်ပါတယ်ခင်ဗျာ။ ဖျက်ဆီးပုံ နှင့် ပျက်စီးမှုလက္ခဏာ ====================== ဒီဖျက်ပိုးဟာဆိုရင် အရွက်ရဲ့ အစိမ်းရောင်တစ်ရှူးသားကို အဖြူရောင်အမြှေးပါးပဲကျန်အောင် ခြစ်စားလေ့ရှိပါတယ်။ ပိုးကောင်ငယ်တွေဟာ အရွက်ရဲ့ အလွှာ(၂)ခုကြားမှထွင်းပြီး ခြစ်စားတဲ့အတွက် လှိုဏ်ခေါင်းတွေဖြစ်နေတတ်ပြီး လက်နဲ့စမ်းကြည့်မယ်ဆိုရင် ဖုထစ်နေတတ်ပါတယ်။ နေရောင်မှာထောင်ကြည့်လိုက်မယ်ဆိုရင် ပိုးကောင်ငယ်ကို မြင်နိုင်ပါတယ်။ ပိုးကောင်ငယ်တွေရဲ့ စားသောက်ဖျက်ဆီးမှုကြောင့် အရွက်ဖျားခြောက်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး ဖျက်ဆီးမှုများလာတဲ့အခါ စပါးရွက်ခြောက်တာတွေ များလာပြီး မီးလောင်ထားသလို ဖြစ်တဲ့အတွက် လောင်မီးပိုးလို့ခေါ်ကြခြင်း ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းနည်း =============== ဖျက်ပိုးတွေကို ကာကွယ်ဖို့ပြောတဲ့အခါ ပိုးကောင်တွေ ပွားများခိုအောင်းနိုင်တဲ့ ပေါင်းမြက်တွေ ရှင်းဖို့ အထူးအရေးကြီးပါတယ်။ စိုစွတ်တဲ့အခြေအနေတွေမှာဆိုရင် ရေကို (၃)ရက်ခန့် ထုတ်ပေးရပါမယ်။ ပျိုးခင်းအဆင့်ကတည်းက ကျရောက်မယ်ဆိုရင် လှိုဏ်ခေါင်းပုံဖျက်ဆီးမှုတွေ ပါရှိတဲ့ အရွက်ထိပ်ဖျားပိုင်းကို ဖြတ်ပြီး မြေမြှုပ်ဖျက်ဆီးပြီးမှ ရွှေ့ပြောင်းစိုက်ပျိုးသင့်ပါတယ်။ အနက်ရောင်ရှိတဲ့ ဖျက်ပိုးအရွယ်ရောက်ကောင်တွေကို နံနက်ပိုင်းမှာ ပိုးကောင်ဖမ်းပိုက်တွေနဲ့ ဖမ်းယူဖျက်ဆီးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် စပါးရုံတစ်ရုံမှာ ပိုးကောင် (၁) ကောင် (သို့မဟုတ်) ဖျက်ဆီးခံထားရတဲ့ စပါးရွက် (၂) ရွက်ခန့်တွေ့ရှိပါက ပင်လုံးပြန့်ပိုးသတ်ဆေး (ဥပမာ - အဆီဖိတ်၊ ကာဘာရိုင်း၊ ကာတပ်ဟိုက်ဒရိုကလိုရိုက်ဒ်) တစ်မျိုးမျိုးနဲ့ ပက်ဖျန်းနှိမ်နင်းနိုင်ပါတယ်။ သတိပြုရန် ======= ပိုးကျနေတဲ့အချိန်အတွင်းမှာ ပုလဲဓာတ်မြေသြဇာကို လုံးဝ အသုံးမပြုရပါဘူးခင်ဗျာ။ ----- ရေတံခွန်
Rice Hispa ကျောက်ဆူးပိုး(သို့)လောင်မီးပိုးက သာမန်အားဖြင့် အထွက်နှုန်းထိခိုက်သည်ထိ ကျရောက်ခဲပါတယ်။ များသောအားဖြင့် နှိမ်နင်းမှုလုပ်စရာ မလိုပဲ သူ့အလိုလို ပျောက်ကင်းသွားမှာပါ။ ရေတံခွန် တောင်သူ့ပညာပေးအဖွဲ့ ဆောင်းပါးလေး ဖတ်ကြည့်ပေးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နွေစပါးရက်၂၀ရှိပြီပိုးကျနေလားရောဂါလားဖြေကြားေလေိုပါတယ် ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 2 ခု
စပါးခင်းမှာရွက်စားပိုးများကျရောက်နေပါတယ်ဘယ်လိုနှိမ်နင်းရမလဲ
ဖြေကြားချက် 1 ခု
လောင်မီးပိုး နှိမ်နင်းနိုင်မည့် နည်းလမ်းကောင်းများ
ဖြေကြားချက် 1 ခု
စပါးခင်းမှာတွေ့တာ အရွက်ဖျားတွေဖြူနေတာ စိုးရိမ်ရလားရှင့်။
ဖြေကြားချက် 1 ခု
လောင်မီးပိုးတွေကျနေလို့ ဘာဆေးတွေအသုံးပြုရနိုင်မလဲခင်ဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။