အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၆ နှစ် က · ဝမ်းတွင်း

ဝါစိုက်ထာပါသည် တစ်လခွဲးရှိပါသည်အပွင့်တော့ထွက်ပြီ ဝါထွက်ကောင်အောင်ဘယ်လိုလုပ်ရမလည်

အပင်အာဟာရ ဝါး
1

ဖြေကြားချက် ၁ ခု

295 လွန်ခဲ့သော ၆ နှစ် က

ဝါအထွက်ကောင်းဖို့ရာအတွက် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးခဲ့ဖို့လိုပါတယ်၊ မျိုးကောင်းမျိုးသန့်အသုံးပြုခြင်းဟာ ဝါအထွက်နှုန်းအပေါ် ၅၀ ရာခိုင်နှုန်းကျော်အကျိုးသက်ရောက်လို့ဖြစ်ပါတယ်၊ ဝါစိုက်မြေကို ထယ်ရေးနက်နက်ထွန်ရေးညက်ညက်ပြင်ခဲ့ဖို့လည်းလိုပါတယ်၊ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီခြင်းဟာလည်း ဝါအထွက်နှုန်းတိုးတက်ရေးမှာ အရေးကြီးတဲ့အချက်ဖြစ်တဲ့အတွက် စိုက်ခဲ့တဲ့ပင်ကြား တန်းကြားအလိုက် အပင်ဦးရေမပြည့်ရင် ကျင်းပျောက်ပင်ပျောက်တွေ အချိန်မီပြန်ဖာခဲ့ဖို့ လိုပါတယ်၊ ဓာတ်မြေဩဇာနဲ့သဘာဝမြေဩဇာတွေ အချိုးကျ ထည့်သွင်းပေးရမှာဖြစ်ပြီး တစ်ဧကကို နွားချေးလှည်း ၁၀ စီးနဲ့ ကွန်ပေါင်း ၁ အိတ် မြေခံမှာထည့်ခဲ့ရပါမယ်၊ နောက်ထပ်ကွန်ပေါင်း ၁ အိတ်နဲ့ ယူရီးယား ၁ အိတ်ကိုတော့ အပိန့်ဝင်ချိန်မှာ အိတ် တစ်ဝက်စီ၊ ပန်းပွင့်ချိန်မှာကျန်အိတ်တစ်ဝက်စီ အပင်ခြေကနေ ၆ လက်မ ၈ လက်မခွာပီး ထည့်ပေးရပါမယ်၊ ပေါင်းရှင်းကြားထွန်တိုက်ခြင်းတို့ကိုလည်း ဝါပင်သက်တမ်းတစ်လျှောက် စနစ်တကျဆောင်ရွက်ပေးမယ်ဆိုရင် ဝါအထွက်ကို ၃၄ ရာခိုင်နှုန်း တိုးလာစေနိုင်ပါတယ်၊ အပိန့်စဝင်ချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နဲ့ ဝါသီးကြီးထွားချိန်တွေမှာ အစိုဓာတ်လုံလောက်ဖို့လိုအပ်လို့ မိုးမရခဲ့ရင် သွင်းရေစီစဥ်ပေးရပါမယ်၊ ဝါပင်ရေအလိုအပ်ဆုံးအချိန်ကတော့ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်ဖြစ်ပါတယ်၊ ရေမဝပ်ဖို့လည်းဂရုစိုက်ရပါမယ်၊ ဝါပင် ၆၅ ရက်သားနောက်ပိုင်းမှာ ၂ ရက်တိတိ ဝါပင်တွေရေနစ် နေခဲ့ရင် ပျက်စီးသွားတဲ့အမြစ်တွေ အတွက် အမြစ်သစ်မထွက်နိုင်တော့ လို့ ထိခိုက်မှုများပြီး အထွက်လျော့နိုင်ပါတယ်၊ ဝါပင် ၅၀ ရက်သားအထိ စုပ်စားပိုးကျရောက်ဖျက်စီးမှုကို စနစ်တကျကာကွယ်နှိမ်နင်းရပါမယ်၊ ရက် ၆၀ နောက်ပိုင်းမှာ ဝါပိုးနီနဲ့ ရွက်လိပ်ရွက်စားပိုး စတာတွေကို ဆေးဖျန်းကာကွယ်ရပါမယ်၊ သင့်တင့်မျှတတဲ့ ရာသီဥတုအခြေအနေမှာ အပင်ပြုစုစောင့်ရှောက်မှုများ စနစ်တကျဆောင်ရွက်ခဲ့ပြီး အလေအလွင့်မရှိအောင် ဝါကောက်သိမ်းမယ်ဆိုရင် ဝါအထွက်ကောင်းမှာဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။