အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

မြေပဲ ရွက်လိပ်ရွက်ကပ်ပိုးကို Groundnut Leaf Miner (ရွက်ထွင်းပိုး) လို့လို့လည်းခေါ်ပါတယ်။ လိပ်ပြာ ဖလံမျိုးနွယ်ဝင် ဖျက်ပိုးဖြစ်ပါတယ်။ ဒီဖျက်ပိုးအကြောင်းကို Greenway ရဲ့ဆောင်းပါးတစ်ခုထဲကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်ရှင့်။ ဖျက်စီးမှု့လက္ခဏာ ပေါက်ကာစ သားလောင်းကောင်ငယ်သည် အရွက်သား အတွင်းသို့ ထွင်းဖေါက် ဝင်ရောက်ပြီး အစိမ်းရောင် အရွက်သားများကို စားသောက် ပါသည်။ ၎င်းတို့ ထွင်းစား သွားသည့် လမ်းကြောင်းအတိုင်း အရွက်သား များခြောက်နေသည်ကို ထင်ရှားစွာတွေ့မြင် နိုင်ပါသည်။ သားလောင်းများ အရွယ်ရောက်လာသောအခါ အရွက်များကို ချည်ဖြင့် လိပ်ထွေးပြီး ထိုအထွေးတွင်း၌နေ၍ အရွက်များကို စားသောက် ပါသည်။ ပိုး ကျရောက်မှု့များသောအခါ ရွက်ထွေး ရွက်လိပ်များခြောက်နေသည် ကိုတွေ့မြင်နိုင်ပြီး ထိုရွက်ထွေးများ အတွင်း၌ သာလောင်းကောင်များ သို့မဟုတ် အဖြူရောင်ရုပ်ဖုံး ပိုးချည် လုံးငယ်များ ကိုတွေ့မြင် နိုင်ပါသည်။ ရွက်ထွင်းပိုး ကျရောက်မှု့ ပြင်းထန်ပါကမြေပဲ အထွက်နှုန်း ၄၉-၅၆%ထိ ကျဆင်းနိုင် ပါသည်။ #ကာကွယ်နှိမ်နှင်းနည်းများ -ခံနိုင်ရည်ရှိသော မျိုးများ ကိုရွေးချယ် စိုက်ပျိုးပါ။ -ပဲမျိုးရင်းဝင် မဟုတ်သော သီးနှံများဖြင့် သီးလှည့် စိုက်ပျိုးပါ။ -ထောင်ချောက် သီးနှံအဖြစ်အခင်းဝန်းကျင်တွင်ပဲစဉ်းငုံနှင့်စားတော်ပဲပင်များကိုစိုက်ပျိုးပေးပါ။ -ဥများနှင့်ပေါက်ကာစ သားလောင်းများ ကျရောက်နေသော အပင် အစိတ် အပိုင်းများကို ရှာဖွေ ဖျက်စီး ပစ်ပါ။ -ဓာတု ပိုးသတ်ဆေးများ သုံးစွဲရန် လိုအပ်ပါက ကာဘရိုင်း/ပရိုဖီနိုဖေါ့/ထွိုင်ရာဇိုဖော့ဆေးများ သုံးစွဲနိုင် ပါသည်။ ရွက်ဝါတဲ့အကြောင်းအရင်းကိုတော့ ပုံလေးရိုက်ပြီး ပြပေးရင် ပိုအဆင်ပြေပါမယ်ရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။