အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · မြစ်သား

မြေအောက်ရေ သုံးပါများလျှင်မြေဆီလွှာပျက်စီးရတာဘာကြောင့်ပါလဲ?

မြေဆီလွှာ ကြက်သွန်နီ

ဖြေကြားချက် ၁ ခု

82,997 လွန်ခဲ့သော ၆ နှစ် က

မြေအောက်ရေကို အများအပြား သုံးစွဲလိုက်တဲ့အခါမှာ ရေချိုတွေကို ထုတ်ယူသုံးသည့်အတွက် ရေငန်ပါဝင်မှု့များလာပါတယ်။ ဆားပါဝင်မှု့ များလာတဲ့အခါ စိုက်ပျိုးမြေတွေ ဆားပေါက်လားခြင်း ၊ မြေမျက်နာပြင် ပိုမိုခြောက်သွေ့ခြင်း ၊ ဆားပါဝင်မှု့ များသည့်အတွက် အပင်စိုက်သည့်အခါ လိုအပ်သောအာဟာရဓာတ်များ မစုပ်ယူနိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။ အစိုးဓာတ်နည်းပါး လာသဖြင့် မြေမှုန်လေးများ ဆွဲကပ်မှု့ မရှိတော့ဘဲ မြေမွ ဖွာလာပါတယ်။ နောက်ဆုံး အာဟာရ နည်းပါပြီး သဲဆန်သော မြေများ ဖြစ်လာပါတယ်။ အဖြေနောက်ကျသွားသည့်အတွက် တောင်းပန်ပါတယ်ခင်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။