ဗျောက်တွေလိုက်နေလို့ ဘာဆေးဖြန်ရမလည်းဆရာတို့
စားသုံးသူကိုမထိခိုက်စေတဲ့အော်ဂဲနစ်ဆေး Biostimulator ကိုဖျန်းနိုင်ပါတယ်အဆိပ်အတောက်မဖြစ်စေပါလိုအပ်ပါက ၀၉၇၃၀၁၀၄၁၁ ကိုဆက်သွယ်ပါ
ipomea white rust လို့ခေါ်တဲ့ Albugo မှိုကြောင့်ဖြစ်တဲ့ လေဆောင်ရောဂါပါ စီးပွားရေးအရ ထိခိုက်မှုနှုန်း အရမ်းမရှိသေးလို့ ကျပြီးသားအရွက်တွေကို ကပ်ကြေးနဲ့ဖြတ်ပြီး အဝေးကို လွှတ်ပစ်ပါ အဲ့ကပ်ကြေးကိုအခြားကျန်းမာတဲ့အပင်တွေကို မထိပါစေနဲ့ ဆေးအနေနဲ့ကတော့ မသုံးစေချင်ပါဘူးရှင့် လက်နဲ့ပဲ လိုက်ရှင်းပေးရင် အဆင်ပြေပါတယ်
white rust သံချေးဖြူရောဂါလို့သိရပါတယ်။ ကန်စွန်းရွက်ကို ဆေးသုံးဖို့တော့ အားမပေးကြပါဘူး။ အရမ်းကြီးဆိုးနေမှ mencozeb, chlorothalonil တစ်ခုခုကို အညွှန်းအတိုင်း သုံးပေးတာသင့်တော်ပါတယ်။ အခင်းအနေအထားကို ပုံမှာ ကြည့်ရသလောက်ကတော့ အခြေအနေသိပ်မဆိုးသေးသလိုပါပဲ။
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။