စပါးရက်၉၀ရွက်လိပ်ရွက်ဖြက်ပိုးကျနေတယ်ဘာဆေးဖြန်ရင်ကောင်မလည်း
• စပါးရွက်လိပ်/ရွက်ခေါက်ပိုးခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပျိုးပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် ဒေသအလိုက် မြို့နယ်စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။ • စပါးနဲ့မတူတဲ့ အခြားသီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ ဒါမှမဟုတ် ဘာမှမစိုက်ဘဲထားတဲ့ကာလ ကြာရှည်ပါစေ။ • လမိုင်းထားခြင်းကို ရှောင်ရှားပါ။ • ဖြစ်နိုင်ပါက စပါးရိတ်သိမ်းပြီးတဲ့နောက်မှာ စပါးခင်းကို ရေလွှမ်းပြီး ထယ်ထိုးပါ။ • စပါးခင်းနဲ့ ကန်သင်းပေါ်က မြက်မျိုးနွယ်ဝင်ပေါင်းတွေကို ဖယ်ရှားပါ။ • အပင်စိပ်စိပ်စိုက်ခြင်းကို လျှော့ချပါ။ • မြေသြဇာနှုန်းထားကို မျှတစွာ သုံးစွဲပါ။ အစောပိုင်း စပါးကြီးထွားစဉ်ကာလအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို မထောက်ခံပါ။ အာရှတိုက်က တောင်သူများစွာဟာ လိုအပ်တဲ့ ဘေးကင်းတဲ့ ဆေးဖျန်းကိရိယာမရှိတာကြောင့် မသုံးစွဲသင့်ပါ။ ဆေးဖျန်းသင့်မဖျန်းသင့်ကို ဆုံးဖြတ်ဖို့ နီးစပ်ရာ သီးနှံကာကွယ်ရေးပညာရှင်ရဲ့ လမ်းညွှန်မှုကို ခံယူပါ။ ဒေါက်တာကိုကို (စိုက်ပျိုးရေး) ရဲ့ ဆောင်းပါးကနေ ကောက်နှုတ်ဖော်ပြပါတယ်။
စပါးရွက်လိပ်ပိုး/စပါးရွက်ခေါက်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ လေ့လာနိုင်ပါတယ်ဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော်စပါးမှာဂေါင်းဖြူပိုလားရွက်လိပ်ပိုးလားဘာဆေးဖြန်းရမလည်းပြောပြပါအုံး
ဖြေကြားချက် 2 ခု
ဆောင်းစပါးမှာ ရွတ်လုံး..ရွတ်လိပ်ကြနေလို ဘာဆေးကအထိရောက်ဆုံးလဲသိပါစေခင်ဗျာ
ဖြေကြားချက် 2 ခု
ဆရာတို့ ရွက်လိပ်ပိုးကျရင် ဘယ်ဆေးဖျန်းရင် အဆင်ပြေမလဲဗျာ။
ဖြေကြားချက် 3 ခု
စပါးခင်းမှာရွက်လိပ်ရွက်ကပ်တွေကျနေတာပါဗျ **Cypermethrin+Chlopryphos ဆေးတွေဖြစ်တဲ့ **ကလပ်စတာ၊ ဆိုင်ကလုန်း နှစ်...
ဖြေကြားချက် 2 ခု
ရွက်ကပ်ပိုးနှင့် ဂျိုကောင်စိမ်း ဘဝစက်ဝန်းသိချင်ပါသည်
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။