အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · သာယာဝတီ

about ufra disease

ပိုးမွှားရောဂါ စပါး စပါးယူဖရာရောဂါ

ဖြေကြားချက် ၁ ခု

47,132 လွန်ခဲ့သော ၆ နှစ် က

စပါးယူဖရာရောဂါ(သို့)စပါးပင်စည်နီမတုတ်ရောဂါက နီမတုတ်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ရောဂါလက္ခဏာအနေနဲ့အ ခြေရွက်ပြားနဲ့ရွက်ဖုံးထိတွေ့တဲ့နေရာပတ်ဝန်းကျင်မှာအဖြူစက်/အဖြူစင်းတွေစတွေ့ရပါမယ်။‌ေနာက်ပိုင်းတွင်ရွက်ပြားတစ်ခုလုံးဖြူသွားခြင်း၊အသစ်ထွက်သေယအရွက်များတွန့်ခြင်း၊စပါးနှံများရွက်ဖုံးမှ တစ်ဝက်ထွက်နေခြင်း၊အနှံသေးခြင်း၊မအောင်မြင်သောအနှံထွက်ခြင်း၊ကောက်ကွေ့ခြင်း၊ပုံမမှန်ခြင်းများတွေ့ရပါမယ်။ရောဂါအရမ်းဆိုးရွားရင် အပင်က မီးလောင်ထားသလို လောင်ကျွမ်းခြောက်သွေ့သွားပါမယ်။ မစိုက်ခင်မှာ အခင်းထဲ ပင်ကြွင်းပင်ကျန်တွေမီးရှိ့ခြင်း၊ထယ်ရေး(၂-၃)စပ်ထိုးခြင်း၊ပိုတက်ရှ်မြေဩဇာ၂၈ပေါင်/၁ဧက (သို့) စက်ဖွဲပြာ ၁၀တင်းကို မြေခံ အဖြစ်ထည့်ခြင်းကို ကြိုလုပ်ပါ။ဖြစ်နိုင်ရင် သက်လျင်စပါးမျိုးစိုက်ပါ။ဆေးအနေနဲ့ ဒိုင်ယာဇီနွန်၊ကာဘိုဖျူရန်ဆေးတွေကို အညွှန်းအတိုင်းသုံးပါ။ စပါးယူဖရာရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ စာတန်းလေးဖိပြီးလဲ လေ့လာနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။