အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · မင်္ဂလာတောင်ညွန့်

ဘယ်လိုစိုက်ရမလဲ

စိုက်ပျိုးနည်း ချင်း

ဖြေကြားချက် ၁ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးပုံ- (က) မြေပြုပြင်ခြင်း။ ။ ပွသောမြေမျိုး အောက်သို့နက်ရှိုင်းစွာ အမြစ်ဆင်းနိုင်သော မြေမျိုးဖြစ်သင့်၏။ တန်ခူးလလောက်တွင် စိုက်ခင်းမြေကို ညက်အောင်ထွန်ယက်ပြုပြင်၍ မြေသြဇာထည့်ပြီးနောက် တစ်လခန့်အကြာတွင် နယုန်လဆန်းလောက်တွင် ဒုတိယအကြိမ် ထယ်ရေးဝင်ရသည်။ ရေမဝပ်စေရန် ဆောင်ရွက်ပြုပြင်ပေးရမည်။ (ခ) မြေချစိုက်ခြင်း။ ။ မြေပြန့်တွင် စိုက်ပျိုးခြင်း၊ အတက်ကို အဖျားများ တစ်ဖူးစီပါအောင် ဖဲ့၍ စိုက်ရသည်။ ၁၈ လက်မမှ ၃၆ လက်မ အကွာတန်းများ၌ တစ်ပင်နှင့်တစ်ပင် ၉ လက်မစီ အကွာထားပြီး အနက် ၂ လက်မခန့်မြှပ်၍ စိုက်ရမည်။  (ဂ) ပြုစုဂရုစိုက်ခြင်း။ ။ မြေပြုပြင်စဉ် မြေတစ်ဆတွင် ပြာပိဿာ ၃၀နှင့် နှမ်းဖတ်ပိဿာ ၃၀ ရော၍ထည့်ခဲ့သော် ပိုမို၍များပြားစွာဥတတ်၏။ မြေဆွေးကိုမူ စိုက်ပြီးစတွင် တစ်ကြိမ်၊ အပင်ရှင်သန်ကြီးထွားလာပြီးနောက် အပင်ရင်းတွင် တစ်ကြိမ်၊ နှစ်ကြိမ် ထည့်သင့်သည်။ တောင်ယာများတွင် စိုက်ပျိုးသည့်အခါ သဘာဝမြေသြဇာထက်သန်သည့်အလျောက် တောင်ယာမီးရှို့ပြီး မြေများပေါ်တွင် မြေကို အနည်းငယ်ဆွ၍ အတက်များ ၁၈ လက်မကွာစိုက်ပျိုးရသည်။  (ဃ) စုဆောင်းသည့်အချိန်။ ။ တပို့တွဲ၊ တပေါင်းလောက်တွင် အပင်များသည် ဥများဥပြီး၍ သဘာဝအလျောက် အပင်ကျသွားချိန်တွင် တူးဖော်ရသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။