အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · တောင်ကုတ်

ပျားလိမ္မာ် ကိုဘယ်လိုစိုက်ရမလဲ

စိုက်ပျိုးနည်း လိမ္မော်

ဖြေကြားချက် ၃ ခု

116 လွန်ခဲ့သော ၅ နှစ် က

မိုကောင်းပိူးပင်ဘယ်မှာရနိ ုင်လည်း

68,534 လွန်ခဲ့သော ၆ နှစ် က

ပျားလိမ္မော်ပင် စိုက်ပျိုးနည်းကိုဖော်ပြပေးလိုက်ပါတယ်ရှင့် ☘️☘️☘️☘️☘️☘️☘️☘️☘️ ပျားလိမ္မော်ပင် ကို ပုံမှန်အားဖြင့် ပင်ခြား တန်းခြား ၁၂×၁၂ပေ စိုက်သော်လည်း ကျနော်ကြိုက်သော ပေအကျယ်မှာ ၁၆ပေပတ်လည်ဖြစ်သည်။ အပင်စိုက်ရာတွင် လေ၀င်လေထွက်ကောင်းရန် အထူးသတိထားသင့်သည်။ တဧက ၀င်ဆန့်မှုအပင်မှာ ၁၂၀-၁၅၀အတွင်းရှိတတ်ပါသည် ကျင်းတူးရာတွင် ၂ပေပတ်လည် ၁ပေခွဲအနက်တူးပြီး နွားချေး +မြေဆွေးများကို ၂လလောက်ကြိုတင်ထည့်ပြီး ပြင်ဆင်ထားသင့်သည်။ လိမ္မော်ပျိုးပင်ရွေးရာတွင်လည်း အမြစ်များခေါက်နေသော မရွေးသင့်။ ခေါက်သောပျိုးပင်ပါလျင်လည်း ခေါက်နေသော အမြစ်များကို ဖြတ်ပစ်ရန်လိုအပ်ပါသည်။ပျိုးပင်များကို မြေကြီးတွင် တည်ပြီးပါက မြေကိုကျစ်နေအောင် နင်းပေးရန် လိုအပ်ပါသည်။ အပင်များကို ပုံမှန်အားဖြင့် ဧပြီတွင် စိုက်သင့်ပြီး ရေကို အမြစ်မစွဲနိုင်ခင်ကြား နေ့စဉ်ရေသွင်းရန်လိုအပ်ပါသည်။လိမ္မော်ပင်သည် ရေကြိုက်သော်လည်း ရေ၀ပ်တာကို လုံး၀မကြိုက်ပါ။ ရေ၀ပ်သော မြေများ တွင် လုံး၀မစိုက်သင့်ပါ။ ရေ၀ပ်သောမြေတွင် မဖြစ်မနေစိုက်လိုပါက ခြံပတ်လည်တွင် ရေနှုတ်မြောင်း ကို နက်နက်တူးရန်လိုအပ်ပါသည်။ မြေချဉ်ငံကိန်းအနေဖြင့် စိုက်သင့်သောမြေမှာ pH 5-6.5ကြားဖြစ်သည်။ အအေးပိုင်းဒေသများတွင် အကောင်းဆုံးဖြစ်ပြီး ပျားလိမ္မော် ကို မြန်မာပြည်အနှံ့အပြားတွင် စိုက်လာကြသည်။ ဥပမာ မန္တလေး ရန်ကုန် ကသာ စသဖြင့် တခြားဒေသတွင် စိုက်လိုပါက ပျားလိမ္မော် သည်ရနိုင်သော်လည်း အသီးကွဲပြသနာကို အအေးပိုင်းဒေသထက် ပိုပြီးခံစားရသလို ထိန်းသိမ်းရန် ခက်ခဲတတ်ပါသည်။ အသီးကွဲခြင်းအကြောင်းကို အသီးများ ထိန်းသိမ်းခြင်းတွင် ဆက်လက်ဖော်ပြပါမည်။ အပင်အမြစ်စွဲပြီး နောက်ပိုင်းတွင် ရေလိုအပ်ချက်မှာ အပင်ငယ်စဉ်တွင် ရေတပတ်လျင် ၃ဂါလံခန့် လိုအပ်ပြီး အပင်ကြီး ၃နှစ်သားအထက် တွင် ရေတပတ်လျင် ပျမ်းမျ ၇ဂါလံမှ ၁၀ဂါလံအထိ လိုတတ်ပါသည်။ မြေသြဇာကျွေးရာတွင် နွားချေး ၂ပြည်လျင် တနှစ်သားအောက်အပင်များကို ၃လကြိမ်ကျွေးနိုင်ပါသည်။ ဓာတုမြေသြဇာကျွေးရန်အတွက် အပင်ကြီးကို အပင်လုပ်လုပ်သော အခြေနေ ပန်းပွင့်ချိန် အသီးချိန် ဆိုပြီး ၃ပိုင်းခွဲထားရပါမည်။ အပင်အလုပ်လုပ်သောအချိန်အတွက် အစာကျွေးရာ ပြသနာမရှိပေမယ့် အသီးကင်း၀င်ချိန်မှ စပြီး အသီးဆွတ်ခါနီးအချိန်ထိ အစာစုဆောင်းချိန်ကို အထူးဂရုပြုရပါသည်။ ထုံးနှင့်ကျောက်မှုန်းမြေသြဇာကို မိုးဦးကျ တကြိမ် မိုးနောင်းတကြိမ် ၂ကြိမ် ပုံမှန်ထည့်သင့်သလို နွားချေးကို ၄လ တကြိမ် တနှစ် ၃ကြိမ် ထည့်ထားသင့်ပါသည်။ ဓာတုမြေသြဇာအနေဖြင့် တနှစ်သားအောက် အပင်များတွင် ၁၀၀ဂရမ်အထိ အပင်ခြေမှ ၆လက်မအကွာတွင် ကျွေးနိုင်သလို ၂နှစ်သားတွင် ၂၀၀ဂရမ်အထိ အသီးယူချိန်တွင် ၃၀၀ဂရမ်အထိ ကျွေးနိုင်ပါသည်။ လိမ္မော်ပင် ကော်ဖီ အပင်များသည် အစာချို့တဲ့ခြင်းပြသနာကို ခံနိုင်စွမ်းမရှိသဖြင့်ဘအထူးဂရုပြုရန်လိုပါသည်။ အပင်သဘာ၀ အပင်မှ တလခြား အညွန့်ထွက်တတ်ပြီး ပျားလိမ္မော် ကဲ့သို့အပင်များတွင် အညွန့်နှင့်အတူ ပန်းများပါတတ်သည်။ ဒေသလိမ္မော်မျိုးများသည် ၁လပိုင်းနှင့်၃လပိုင်းအကြားတွင် ပန်းပွင့်တတ်ပြီး ကျန်သောလများသည် အသီးကြီးထွားကာလဖြစ်သည်။ ကျွန်တော်ခြံတခုတွင် ဒေသလိမ္မော်ပင်များသည် ၃လပိုင်းအထိ မြေသြဇာကျွေး ကိုင်းရှင်းထားသော်လည်း ပန်းလိုက်ခြင်းမရှိသဖြင့် ရေကို ၃လပိုင်းတလုံးအငတ်ထားကာ ခြောက်သွေ့နေသောအခါမှ ရေကို ရုတ်တရက်သွင်း အပင်ပါ ရေဖျန်းပြီး ပန်းပွင့်အောင်လုပ်ဖူးပါသည်။ ပျားလိမ္မော် ကတော့ အရွက်နုတတ်တိုင်းပန်းပါတတ်သည်။ဒေသ လိမ္မော်က တနှစ်လတခါသာသီးပါသည်။ ပျားလိမ္မော် ကတော့ တနှစ်လုံးအသီးယူနိုသ်သော်လည်း တကယ်ယူပါက အပင်သက်တမ်းတိုတတ်ပါသည်။ တကယ် တမ်း တနှစ်တကြမ်သာ ယူသင့်ပြီး အလွန်ဆုံး မိုးတွင်းတကြိမ်ကို ရံဖန်ရံခါ ယူနိုင်ပါသည်။ Crd : စိုက်ပျိုးရေး နည်းပညာ

79,224 လွန်ခဲ့သော ၆ နှစ် က

ကိုင်းကူးပြီးစိုက်ပါလားရှင့် အဲတာက အစေ့ထက်ပိုမြန်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။