အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
582
လွန်ခဲ့သော ၆ နှစ် က · မင်းဘူး

မြေပဲက ၄၅ ရက်သားရှိပြီ စွယ်လေးတွေလဲချနေပြီဗျ။ အဒါဘောင်တင်လို့ရသေးလားဗျ

စိုက်ပျိုးနည်း မြေပဲ မြေပဲစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

82,997 လွန်ခဲ့သော ၆ နှစ် က

3 လ ပင်ထောင်တွေဟာ စိုက်ပီး 24ရက် လောက်ဆို ပန်းပွင့်ပါပီ။ 3လ ပဲပင်သက်တမ်းမှာ ပေါင်းစွယ်ပွင့်က အပွင့်အရေအတွတ် အများဆုံးပါ။အပွင့်ကနေ ဥစွယ် ချပီး ဥရတာမို့ ပေါင်းစွယ်ပွင့်တွေ သန္ဓေမပျက်အောင် အထူးဂရုစိုက်ရမည့်အချိန်ပါ အပွင့်သန္ဓေပျက်သွားရင် ပျက်သလောက် ဥ ဥ နှုံး နည်းသွားပါတယ်။ ဦးဆုံး ပွင့်တဲ့ပန်းတွေ အောင်မြင်တယ် နောက်ပွင့်တဲ့ပန်းတွေလဲ အောင်တယ်ဆိုရင် လက်ဦးအပွင့် နောက်ဆွယ်အပွင့် အားလုံး ဥစွယ်ချနိုင်ရင် မြေပဲအထွတ်နှုံး ကောင်းပါတယ်။တောင်သူများကြားတိုက်ပေါင်းရှင်းမယ်ဆိုစိုက်ပီး ရက် 20 အတွင်းအပြီးထွန်ကြားတိုက်ခြင်း ပေါင်းသင်ပေါင်းနှုတ်ခြင်း များကို စိုက်ပီးရက်20အတွင်း အပီးဆောင်ရွက်ကြရပါတယ်။ အပီးမသတ်သေးဘူးဆိုလဲ ပန်းဦး ပေါင်းစွယ်ပွင့်တွေ ပွင့်နေပြီဖြစ်တဲ့အတွတ် ထွန်ကြားတိုက်ခြင်း ပေါင်းသင် ပေါင်းနှုတ်ခြင်များ မလုပ်သင့်ပါဘူး။

582 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့‌ ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

တချို့ကတော့တင်ကြပါတယ်။အမှန်ကစွယ်ချချိန်မှာ ဘောင်လုံးဝမတင်သင့်ပါ..ပညာရှင်တွေကဘောင်တင်ဖို့မပြောနဲ့ပန်းပွင့်စုံပြီးနောက်ပိုင်းစိုက်ခင်းထဲတောင်လူမဝင်သင့်တော့ပါလို့အကြံပြုပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။