အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
351
လွန်ခဲ့သော ၆ နှစ် က · မိတ္ထီလာ

သဘာဝပေါင်းသတ်ဆေးများပြုလုပ်နည်းကိုဖောငပြပေးစေလိုပါသည် ကျေးဇူးတင်ပါတယ် တင်ပါသည်ခင်ဗျာ

ခေတ်သစ်စိုက်ပျိုးရေး ဆူးပုပ်

ဖြေကြားချက် ၄ ခု

351 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ

351 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ

68,534 လွန်ခဲ့သော ၆ နှစ် က

သဘာဝပေါင်းသတ်ဆေး။ မူရင်းဆရာဦးဝင်းမြင့်(IQ) ၊ ပါဝင်ပစ္စည်းများ --- ၁။ ဆား* ၂။ရှာလကာရည်* ၃။ပုလဲ*(နိုက်တြိုဂျင်ဓာတ်မြေဩဇာ..N2) ပြုလုပ်ပုံ--- ဆား* ၆၀ကျပ်သား၊ပုလဲ* ၆၀ကျပ်သား၊ရှာလကာရည်*နို့ဆီဗူးတစ်ဗူး၊ ရေ၁၀လီတာတို့ကိုသမအောင်မွှေပေးပါ၊ပြီးလျှင်တစ်ညအိပ်ထားပါ အဖုံးကိုလေလုံအောင်ပိတ်ပါ၊ အသုံးပြုပုံ--- ဆေးရည်နို့ဆီဗူးတဝက်ကိုဆပ်ပြာရည်၂ဇွန်း၊ရေကလီတာ၂၀နဲ့ရောပြီးဖြန်းပေးပါ၊ဆပ်ပြာရည်ကစွဲကပ်အောင်ဖြစ်ပါတယ်။ ပေါင်းပင်ထူလျှင်ပထမအကြိမ်ဖြန်းပြီးအပင်များငြှိုးသွားချိန်နောက်တကြိမ်ပေါင်းပင်အောက်ခြေကိုထိအောင်ဖြန်းပေးပါ၊ဆားနဲ့ရှာလကာရည်ကပေါင်းပင်တွေကိုသေစေပြီးပုလဲကတော့သေသွားတဲ့ပေါင်းပင်တွေကိုမြေဩဇာပြန်ဖြစ်အောင်ပါ။ (သတိပြုရမှာကကိုယ်စိုက်ပျိုးထားတဲ့အပင်တွေကိုမထိပါစေနဲ့၊လောင်တတ်ပါသည်။) အကောင်းဆုံးကမြေပြင်ချိန်မှာပေါင်းထူလျှင်အသုံးပြုတာပိုကောင်းပါတယ်။ ဩဂဲနစ်တောင်သူများသိလိုတဲ့သဘာဝမြက်သတ်ဆေး၊သဘာဝပေါင်းသတ်ဆေးအကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။အားလုံးကိုယ်စိတ်နှစ်ဖြာကျမ္မာချမ်းသာကြပါစေ။(မှတ်ချက်ပေါင်းပင်ထူလျှင်ဆေးအချိုးပိုထည့်နိုင်ပါသည်။) #Credit

47,132 လွန်ခဲ့သော ၆ နှစ် က

အော်ဂဲနစ်ပေါင်းသတ်ဆေးဖော်စပ်နည်း 1 - ရှာလကာရည် ( 500 ml) 2- အိမ်သုံးဆား ( 200 ml) 3- ပန်းကန်ဆေး ဆပ်ပြာရည် ( 50 mg) ရေ 10 liters ပြုလုပ်ပုံအဆင့်ဆင့် ပထမဦးစွာ ရှာလကာရှည်ကို ချိန်ထည့်ပါ 500 ml နောက် အိမ်သုံးဆား 200 ml ထည့်ပါ ကြေသွားအောင်မွှေပေးပါ ဆား နဲ့ ရှာလကာရည်ထည်ပြီး နောက်ဆုံးအဆင့်မှာတော့ အိမ်သုံး ပန်းကန်ဆေး ဆပ်ပြာဆီ 50 gm ကို သမအောင် ပြန်ရောမွှေပါ ဆေးဖျန်းပုံးထဲသို့ရေ 10 lit နဲ့ အသင့်ဖျော်ထားသော ဆေးရည်ကို အသုံး ပြုနိုင်ပါပြီ ဆပ် ပြာဆီ ထည့်ရခြင်းမှာ Arsenic ဒြပ် 5-10% ( အာဆင်းနစ်) ပါဝင်တာမို့ ပေါင်းမြက်ပင်ကို တဖြည်းဖြည်းချင်း ညိုးကျစေတာမို့ အော်ဂင်းနစ် ပေါင်းသတ်ဆေးသုံးစွဲရာတွင် အနည်းငယ်စိတ်ရှည်ဖို့တော့ လိုပါမယ် ယူရီးယားလိုတော့ ခုသုံး ခုအာနိသင်မပြ ပါ ဘူး 3-5 ရက်အတွင်းတော့ အပင်ဝါလာပြီး သေသွားတာကို တွေ့ရမှာပါ သုံး စွဲ ချိန် မိုးမရွာ မှီ ၃ နာရီ မိုး ရွာ ပြီး နောက် ၃နာရီ နေ့လည် နေ ပူ ပူ ချိန်ဖျန်းရင် အထိရောက်ဆုံးပါ #Credit

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။