ဖြေကြားချက် ၂ ခု
သက်တမ်းတိုငါးမျိုးတွေထည့်ပါ ကျောက်ပျဉ်ပုံ ကန်တူးပါ အလယ် စပါးစိုက် ဘေးမြောင်း ငါးထည့်ပါ
စပါး - ငါးပေါင်းစည်းလယ်ယာ ဆိုသည်မှာ အထွေအထူးကိစ္စ မဟုတ်ပါဘူဒစပါး စိုက်ပျိုးရာလယ်ကွက်အတွင်း ငါးများကို ထည့်သွင်းမွေးမြူခြင်း ဖြစ်ပါတယ်။ စပါးအထွက်နှင့် အရည်အသွေးကို ထိခိုက်ခြင်းမရှိပဲ မြေအရင်းအမြစ်တစ်ခုကို ထုတ်ကုန်နှစ်မျိုးရအောင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စပါးစိုက်ပျိုးထုတ်လုပ်မှုမှ အဓိကဝင်ငွေရသကဲ့သို့၊ ငါးမွေးမြူရေးမှ အပိုဝင်ငွေရစေပါတယ်။ ဤစနစ်က အကျိုးအမြတ်ရရှိစေသည်မှာ မှန်သော်လည်း၊ အားနည်းချက်၊ အားသာချက်များတော့ရှိတာပါ့။ စပါး-ငါး ပေါင်းစည်းလယ်ယာကို အနောက်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အာဆီယံနိုင်ငံများတွင် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ကြသည်ကိုတွေ့ရပါတယ်။ ပါး စိုက်ခင်းများတွင် ငါး ထည့်သွင်းမွေးမြူရန် အတွက် ပုံမှန် လယ်ယာမြေပြုပြင်ခြင်းထက် ပို၍ ငါးများနေထိုင် နိုင်ရန် ပြုပြင်ပေးရန် လိုအပ်ပါသည်။ လယ်ကွင်းထဲတွင် ကတုတ်မြောင်း ပတ်လည်များ တူးထားရန် လိုအပ်သည်။ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများ နှင့်ကျင်းများ တူးထားရန် လိုအပ်သည်။ သို့မှသာ စပါးငါးမွေးမြူရေး အဆင်ပြေ နိုင်မည် ဖြစ်ပါသည်။ ငါးများသည် ရေနည်းချိန်များတွင် ကတုတ်မြောင်းများထဲမှာ အစာရှာနိုင်မှာ ဖြစ်သကဲ့သို့ စပါးခင်းရေ ထုတ်ချိန်များတွင်လည်း ငါးများကို အလွယ်အကူ သိမ်းယူနိုင်မည် ဖြစ်သည်။ ရေနက်ကွင်းများတွင် စိုက်ပျိုးသော စပါးမျိုးများ သည် စပါး-ငါးစနစ်အတွက် အကောင်းဆုံး စပါးမျိုးများ ဖြစ်သည်။ ကတုတ်မြောင်းများသည် အနက် ၁ပေခွဲ အနက်ရှိပြီး အနည်းဆုံး ၁၀ ပေခန့် ကျယ်ရှိရန် လိုအပ်ပြီး စပါးခင်းနှင့် ၁၀မီတာ (၃၃ပေ) အကွာအဝေး အတွင်း တူးထားရမည် ဖြစ်သည်။ မြောင်းများ၏ စုစုပေါင်း အကျယ်သည် စပါးခင်း အကျယ်၏ ၁၀ ရာခိုင်နှုန်းထက် ပို၍ မကျယ်သင့်ချေ။ ငါးများ ထည့်သွင်းပြီးပါကရေအနက် ဝ.၃ မှ ဝ.၅ ပေထိ ရှိအောင် ထိန်းသိမ်း ထားရမည် ဖြစ်သည်။ အခြား ပိုးသတ်ဆေးများ မရှိစေရန် ဂရုပြုရမည် ဖြစ်သည်။ ဓာတု ပစ္စည်းများကို မဖြစ်မနေ သုံးရန် လိုအပ်သော ကွင်းများတွင် စပါး ငါး မွေးမြူခြင်းကို မဆောင်ရွက်သင့်ချေ။ စပါး-ငါးတွဲဘက်မွေးမြူနည်းအကြောင်းအပြည့်အစုံကို အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ https://greenwaymyanmar.com/posts/rice-and-fish-farming
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အသားတိုး ငခူးကို ဘယ်လို့ မွေးမြူး ပြီး ဘယ် အချိန်အတိုင်းအတာထိ မွေးမြူး ရပါသလဲ ၁၀၀ပတ်လည် ကန်မှာ အကောင်ရေ ဘယ်...
ဖြေကြားချက် 1 ခု
ငါးခူကိုဘယ်လိုမွေးမြူ သလဲ
ဖြေကြားချက် 0 ခု
ငါးမွေးမယ်ဆိုရင် ဘယ်လိုငါး အမျိုးအစား မွေးရင်ကောင်းမလဲ ပြောပေးကြပါအုံး ခင်ဗျာ
ဖြေကြားချက် 0 ခု
ရေငန် ငါးတွေကို ရေချို ငါးကန်တွေမှာ ဘယ်လို မွေးမြူ မလဲ။
ဖြေကြားချက် 1 ခု
ပေ(၁၀၀၀)ပတ်လည်ကန်၌ရိုးရိုး ကကစ်တစ်မွေးမြူ မည်ဆိုလျှင်အကောင်ရေမည်မျှ မွေးမြူ နိုင်ပါမည်နည်း
ဖြေကြားချက် 1 ခု