ဖြေကြားချက် ၂ ခု
ဘယ်နစ်ရက်ကြာမှ မျို့စေ့တွေးဟ လာမလဲ
မျိုးစေ့ ဖောက်ခြင်း * သင်္ဘော မျိုးစေ့ ဖောက်ရာတွင် မျိုးစေ့များအား အဝတ်ဖြင့်စည်းကာ ၁ ည ရေ စိမ်ထားပါ နောက် နောက်နေ့ တွင် အဝတ်ထုပ်အား ဖြည်၍ အရိပ်တွင်ဖြန့် ထားပါ ရေစို အဝတ်စဖြင့် ဖြန့်အုပ်ထားပါ ။ နောက်တည အဝတ်ဖြင့် ပြန်စည်၍ ရေပြန်စိမ်ပါ ထိုနည်းဖြင့် သင်္ဘောမျိုးစေ့များ ကွဲ လာသည်ကို တွေ့ရပေမည် ထိုအချိန်သည် အိပ်တွင်း ထည့်ရန် အသင့် ဖြစ်ပါတော့သည် ။ မျိုးစေ့ အား မဖောက်မီ ၄ လက္မ ၅ လက္မ အရွယ် အိပ်များ အား အပေါက် ဖောက်ကာ နွားချေးမှုန့် တဆ မြေကျက်မှုန့် တဆ ( သို့) စပါးခွံ ဖွဲပြာ တွင် အပေါ်ယံမြေ ၅ ဆ ရောစပ်ကာ မြေအိပ်များ ၁၀ လုံးတန်းခန့် ဘောင်များ ပြုလုပ်ပြီး ရေလောင်းကာ မျိုးစေ့များ ထည့်ရန် အသင် ပြုလုပ်ထားရပေမည် ။ သင်္ဘော မျိုးစေ့ များ ၏ ကွဲဟ လာခြင်းကို ကြည်၍ အညှောင့် မထွက်မီ မြေအိပ်များ အတွင်း 3 CM အနက် ( သို့ ) တမတ် ခန့် တုတ်ချွန်ဖြင့်ဖောက်ကာ တအိပ်လျှင် တစေ့ ထည့်ရပေမည် ။ မျိုးစေ့ အိပ်များ အား အရိပ်အောက်တွင် ထားရှိပြီး မနက် ည ရေကြာ ဖြင့် မြေစို စွတ်သည် အထိ ရေလောင်းပါ တပတ်ခန့် အိပ်အတွင်းမှ အပေါသို့ အပင်ပေါက်များ ထွက်လာသည်ကို တွေ့ရပေမည် ။ အပင် ပေါက်များ ၂ ရွက်ခန့် မာလာချိန်တွင် Homai 80 မှိုသတ်ဆေးအား ရေဖြင့် စပ်ကာ တပတ်တကြိမ် ပုံမှန် ဖြန်းပေးရမည် ။ ပျိုးပင်များ ၄ / ၅ ရွက်ခန့်တွင် B1 အားဆေး ဖြန်းနှိုင်ပြီး မှိုဆေးအား ပုံမှန်ဖြန်းထားကာ စိုက်ပျိုးရန် အသင့်ဖြစ်သော သင်္ဘော မျိုးစေ့ ပင်ပေါက်များ ရရှိ ပါတော့သည် ။ တင်သွင်း လာသော မျိုးစေ့များသည် မျိုးစေ့ပေါက်ရာခိုင်နှုန်း 80 အထိ အာမခံထားပြီး အပင်တိုင်း အသီးသီးရန်သေချာသော F1 မျိုးစေ့များ ဖြစ်ပါသည် ။ မိုးများသော အချိန်တွင် မျိုးပင်များအား စိုက်ကွက်တွင် ချစိုက်ရန် မသင့်ပါ အရွက်များ ပုတ်၍ အပင် သေတတ်ပါသည် ။#credit.
ဆက်စပ်မေးခွန်းများ