ဖြေကြားချက် ၁ ခု
ကိုင်းရှင်းခြင်းအားဖြင့် လေဝင်လေထွက်ကောင်းစေပါတယ်။ ရောဂါဖြစ်ပွားမှုကို လျော့ချပေးတယ်။ ကိုင်းခွတွေကို သန်မာစေပြီး အသီးများကို ခူးဆွတ်ရလွယ်ကူစေပါတယ်။ ကိုင်းရှင်းရာမှာ အရေးကြီးတာက အသွားထက်တဲ့ ဓား၊ ကိုင်းဖြတ်ကတ်ကြေးကို အသုံးပြုပါ။ ကိုင်းမဖြတ်မီ ကျန်ရှိနေသော အသီးများကို ခူးပါ။ သေနေသော/ခြောက်နေသော ကိုင်းများ၊ ဒဏ်ရာရနေသော ကိုင်းများ၊ အားနည်းသော ကိုင်းများ၊ ရောဂါကျနေသော ကိုင်းများကို အရင်းမှ ဖြတ်ပစ်ပါ။ အသီးများ ကျန်းမာစေရန်အတွက် ကိုင်းရှင်းရာတွင် တစ်ပင်လုံး နေရောင် ရရှိအောင် လုပ်ဆောင်ပါ။ အပင်အပေါ်ပိုင်းကို သေးသေးထားပြီး အောက်ခြေကိုင်းများများ ချန်ပါ။ အပင် လေဝင်လေထွက်ကောင်းစွာရရှိရန်နှင့် ရောဂါကျရောက်မှု သက်သာစေရန် အလယ်ကိုင်းများကို လေကောင်းစွာဝင်ရန် သေချာရှင်းပါ။
ဆက်စပ်မေးခွန်းများ
ဂေါ်ဖီထုပ် စိုက်ပျိုးရေးအကြောင်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ငှက်ပျေားပင်အရွက်များ အရွက်ဖျားတစ်ဝက်ခန့်ခြောက်နေပါသည် မည်သည့် ဆေးသုံးရမည်ကိုဖြေပေးပါ
ဖြေကြားချက် 1 ခု
အော်ဂဲနစ် စိုက်ပျိုးရေးအကြောင်းလေး ကို အသေးစိပ်အစအဆုံးလေ့လာချင်လို့ပါ အခြေခံကစ လေ့လာချင်လို့ ဖြစ်နိုင်လျှင်...
ဖြေကြားချက် 1 ခု
မင်္ဂလာပါ မြင်းခြံမှာစပျစ်စိုက်ချင်ပါတယ်။ မြေကြီးကို ဘယ်လိုပြုပြင်ပြီး စိုက်ပျိုးရမလဲ။ပြီးတော့ကျရောက်နိုင်မဲ့...
ဖြေကြားချက် 2 ခု
မဂၤလာပါ ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုတဲ့ သင်တန်းများပေးပါသလားခင်ဗျာ။
ဖြေကြားချက် 1 ခု