အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · မြိုင်

ဘာဖြစ်တာလဲဘာဆေးဖျန်းရမလဲ

ပိုးမွှားရောဂါ ဝါး
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဝါမှာသတိထားရမှာက ဖြုတ်တို့..ယင်ဖြူတို့ပေါ့။သူတိုကစုပ်စားပိုးတွေ​ဖြစ်ပြီးအရွက်တွေကိုစုပ်စားတဲ့အပြင်ရောဂါပိုးတွေလည်းသယ်ဆောင်လာတဲ့အတွက်အရွက်တွေကထွတ်ကုန်တယ်..နောက်ပိုင်းတစ်ပင်လုံးနူထွတ်လာ.. မဲလာပြီးသေကုန်တယ်။အပွင့်အသီးတွေပျက်စီးတယ်။အခုအနေ အထားမှာမနက်ခင်း/ညနေခင်းမှာအပင်ကိုလှုပ်ကြည့်ပါက ဖြုတ်တွေထပျံကြတာကိုတွေရပါလိမ့်မယ်..ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးဖျန်းပေးပါ။အနီးအနားရှိဝါခင်းတွေကလည်းညီညာစွာအားလုံးဆေးဖျန်းကြမှထိရောက်နိုင်ပါတယ်..ကိုယ်ကဆေးဖျန်းပြီးသူတို့အခင်းတွေကမလုပ်ရင်မထိရောက်ပါဘူး။ဒါကြောင့်စိုက်ခင်းကိုအမြဲစစ်ဆေးနေပါ..တမာဆေးကိုကာကွယ်ဆေးအနေနဲ့ကြိုတင်ဖျန်းပေးပါ။

68,534 လွန်ခဲ့သော ၆ နှစ် က

ပုံတွေကြည့်ရသလောက်တော့ ဗိုင်းရပ်စ်ရောဂါ ကျတဲ့လက္ခဏာလို့ ယူဆရပါတယ်။ ယင်ဖြူ စတဲ့ စုပ်စားပိုးတွေကနေ ဒီရောဂါက ကူးစက်ပျံ့ပွားပါတယ်။ စုပ်စားပိုးကို ကာကွယ်နှိမ်နင်းပါ။ ပတ်ဝန်းကျင် ထိ‌ခိုက်မှုနည်းအောင် ဆိုရင်တော့ တမာပိုးသတ်ဆေး ဖျန်းပေးနိုင်ပါတယ်။ ဓာတုဆေးအနေနဲ့ အင်မီဒါကလိုပရစ်၊ အဆီဖိတ် စတဲ့ဆေးတွေကို အညွှန်းအတိုင်းသုံးပြီး စုပ်စားပိုးကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ ရောဂါဖြစ်ပြီးသားအပင်ကိုတော့ ကုလို့မရတော့ပါဘူး။ ဗိုင်းရပ်စ်ရောဂါကို နှိမ်နင်းနိုင်တဲ့ဆေး ခုချိန်ထိ မရှိသေးလို့ပါ။ အရမ်းအခြေအနေဆိုးနေတဲ့ အပင်ကို နှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မီးရှို့ဖျက်စီးပစ်ပါ။ နောက်ရာသီတွေအတွက် သီးလှည့်စိုက်ပါ။ စုပ်စားပိုးကာကွယ်ပါ။ အနီးပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ရောဂါကို ခံနိုင်ရည်မရှိတဲ့ အပင်တွေ (ဥပမာ- ခရမ်းချဉ်၊ ငရုတ် စသည်) ကိုမစိုက်ပါနဲ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။