အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
233
လွန်ခဲ့သော ၆ နှစ် က · မြင်းခြံ

ဘယ်အချိန်ဘယ်လိုစိုက်ပျိူးရမလဲ

စိုက်ပျိုးနည်း ဟင်းနုနွယ်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အလျား၁၀ပေ×အနံ၃ပေ ×အမြင့်၄လက္မရှိတဲ့ဘောင်ပြုလုပ်ပြီး အဲဒီဘောင်ပေါ်မှာ နွားချေးဆွေးအမှုန့်နို့ဆီဗူး၄ဗူးနဲ့မျိုးစေ့ထမင်းစား ဇွန်း ၁ဇွန်းရောပြီး ဖြူးချပေးပါ..ပြီးရင်ကောက်ရိုးပါးပါးအုပ်ပြီးရေလောင်းပေးပါ။ဒါမှမဟုတ် ဘောင်ပေါ်မှာ ၆လက္မခြားစိုက်မြောင်းဆွဲပြီးမြောင်းထဲကို နွားချေးဆွေးမှုန့်နဲ့မျိုးစေ့ရောထားတာကိုဖြူးချပြီးစိုက် ပျိုးနိုင်ပါတယ်။အပင်ကြပ်ပါက၃ပါတ်သားခန့်မှာသားခွဲပြီးရွှေ့စိုက်နိုင်ပါတယ်။အပွင့်မပွင့်မီခူးပါကတစ်ပင်လုံးစားသုံးနိုင်ပြီးပန်းပွင့်ပြီးမှဆိုရင်တော့ပင်စည်ကအမျှင်တွေဖြစ်ပေါ်လာပြီးမာကြောလာတာကြောင့်စားသုံးတဲ့အခါမှာမကောင်းနိုင်တော့ပါ။ပုံမှန်အားဖြင့်၁လသားအရွယ်မှာနှုတ်ယူစားသုံးကြပါတယ်။

47,132 လွန်ခဲ့သော ၆ နှစ် က

မိုးတွင်းဆို မေလ ၊ဇွန်လ မှာစိုက်ကျပါတယ်။ဆောင်းတွင်းဆိုရင်တော့ အောက်တိုဘာ၊နိုဝင်ဘာလမှာစိုက်ကျပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။