အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
407
လွန်ခဲ့သော ၆ နှစ် က · လှည်းကူး

သံပုရာနွေသီးရအောင်ဘယ်လိုလုပ်ရလဲနည်းလေးပြောပြပါ

အပင်အာဟာရ သံပုရာ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပြန်လည်ဖြေဆိုပေးတာနောက်ကျသွားတဲ့အတွက် sorryပါနော်။covicကာလလည်းဖြစ်..အခုရန်ကုန်မှာရောဂါပြန့်ပွားမှုမြန်နေတာတာလည်းဖြစ်တာကြောင့် နားလည်ပေးပါခင်ဗျာ။သံပုရာနွေသီးရအောင်လုပ်နိုင်ပါတယ်.ရေနဲ့ပြုပြင်ဖန်တီးတဲ့နည်းနဲ့ဟော်မုန်းဆေးအသုံးပြုတဲ့နည်းပါ။မိုးအကုန်အသီးကုန်သွားချိန်မှာ အပင်ကိုပြုပြင်ပေးရပါမယ်။နိုဝင်ဘာ ဒီဇင်ဘာလမှာ ရှုပ်ထွေးနေတဲ့ကိုင်းတွေ..ကိုင်းခြောက်တွေကိုခုတ်ပစ်ရပါမယ်။ရေနဲ့အစာဖြတ်ရပါမယ်။ရေလုံးဝမပေးရပါဘူး။မြေဆီလည်းလုံးဝမကျွေးရပါဘူး။ရေနဲ့အစာကို ၁လ..၁လခွဲခန့်ဖြတ်ထားပါမယ်။အဲဒီလို ရေနဲဲ့အစာဖြတ်ပြီးနောက်မှာအပင်ဟာ အရွက်တွေနွမ်းလာမယ်. ဝါပြီးခြောက်လာမယ်..အရွက်တွေကြွေလာမယ်။၁လခွဲ..၂လခန့်မှာရေပြန်ပေးမယ်..အပင်ငယ်ဆိုရင်မြေအောက်အနက်၂ပေ..အပင်ကြီးဆိုရင်၄ပေအနက်ထိ ရေရောက်အောင်ပေးရပါမယ်။တချိန်တည်းမှာဘဲမြေဆီကျွေးရပါမယ်။သဘောကတော့အပင်ကြီးထွားဖွံ့ဖြိုးမှုကိုရပ်တန့်လိုက်ပြီးမှပြန်လည်နုပျိုအောင်ပြုလုပ်တာပါဘဲ။တချို့ဆိုရင်အပင်နာအောင်အပင်ကိုဓားနဲ့ထစ်ကြပါတယ်။ဆက်လက်ပြီးရေကိုတစ်ပါတ်တစ်ကြိမ်ခန့်ပေးပါ။အပင်တွေရဲ့သဘာဝအရ အပင်ကြီးထွားစဥ်ကာလ..ပန်းပွင့်ချိန် နဲ့ သီးကင်းဝင်ချိန်တွေမှာရေလိုအပ်ပါတယ်။သံပုရာကရေများတာ ရေဝပ်တာမကြိုက်ပါဘူး။ရေနဲ့အစာပြန်ကျွေးလိုက်တဲ့အခါ အညွန့်သစ်..အကိုင်းသစ်များထွက်လာပါလိမ့်မယ်။အပင်ခြေကထွက်တဲ့ကိုင်းတွေ..အမြစ်ကထွက်တဲ့အညွန့်တွေ ကိုင်းတွေကိုဖယ်ရှားပစ်ပါ။နောက်တစ်ချက်ကမြေသြဇာကျွေးတာအပြင်အပင်နုပျိုအောင်..ကိုင်းတွေအပွင့်တွေထွက်အောင် အနည်းလိုဓာတ်တွေဖြစ်တဲ့ ဇင့်ဆာလ်ဖိတ်,မဂ္ဂနီးစ်ဆာလ်ဖိတ်,ကော့ပါး,ကြေးနီ,ဘိုရွန်(လက်ချား),မဂ္ဂနီယမ်ဆာလ်ဖိတ် (ဆားခါး)တွေလိုအပ်ရင်ထည့်ပေးရပါမယ်။အဲဒီတော့ ကုန်ကျမှာနဲ့ပြန်ရမှာကို တွက်ချေကိုက်မကိုက် ချင့်ချိန်ဆောင်ရွက်စေလိုပါတယ်။(သံပုရာသီးစျေးကသိတ်မကောင်းဘူးထင်တယ်)။

407 လွန်ခဲ့သော ၆ နှစ် က

ဖြေပေးကြပါဗျာမဖြေရင်ဒီappမသုံးတော့ဘူး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။