အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၈ နှစ် က · မြေပုံ

ကြယ်ပဲ အကြောင်း

ခေတ်သစ်စိုက်ပျိုးရေး ကြယ်ပဲ
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ကြယ်ပဲ (sucha inchi) ကို ဒေသခံ အင်ကာလူမျိုးများမှ Incha peanut သို့မဟုတ် Mountain peanut ဟုခေါ်သော အပင်သည် တောင်အမေရိကတိုက်ရှိ အမေဇုံ ဒေသ ပီရှုးနိုင်ငံရှိ တောင်ပေါ်ဒေသတွင် ပေါက်ရောက်ပြီး ဒေသခံများသည် အစေ့၊ အဆံများကို နှစ်ပေါင်းများစွာကပင် စားသုံးကြသည်။ ဒေသခံများ အဆိုအရ ကလေးများကို ကျွေးရာတွင် လျင်မြန်စွာ ကြီးထွားပြီး အသက်ကြီးသူများနှင့် မကျန်းမာသူများ စားသုံးရာတွင်လည်း ရောဂါလျင်မြန်စွာ ပျောက်ကင်းပြီး ကျန်းမာလာသည်ဟု ဆိုသည်။ ကြယ်ပဲ၏ သိပံအမည်မှာ Plukenetia Nolubilis hinn ဖြစ်ပြီး ဒေသခေါ် Socha Inchi ဖြစ်ပြီး ကြက်ဆူမျိုးရင်ဝင်ဖြစ်ပြီး Euphorbiaceae ခေါ် ကြက်ဆူမျိုးရင်းဝင်ပင်ဖြစ်သည်။ နွယ်တက်သော ပင်စည်ဖြစ်ပြီး နှစ်လုံးပုံရှိပြီး၊ အစိမ်းရင့်ရောင် နှင့် ထင်ရှားသော ရွက်ကြောမကြီးများ ရှိသည်။ ပန်းခိုင်မှာ “စပိုက်” ခေါ်ရိုးတံပေါ်တွင် အောက်ဆုံးတွင် ကတော့ပုံစံ အမပွင့် တစ်ပွင့် သာရှိပြီး ကျန်အပွင့်များမှာ အဖိုပွင့်များသာ ဖြစ်ကြသည်။ အသီးမှာ ကြယ်ပုံစံ ထောင့် ၄ ထောင့် မှ ထောင့် ၇ ထောင့် ရှိပြီး ကြယ်ပုံစံရှိသောကြောင့် ကြယ်ပဲဟု မြန်မာအမည် ပေးထားခြင်း ဖြစ်သည်။ ကြယ်ပဲ၏ အပြင်သီးခွံမှာ ပျော့ပြောင်းပြီး အတွင်းသီးခွံနှင့် ကြယ်ပဲအစေ့ခွံသည်လည်း မာကြောသည်။ ကြယ်ပဲပင်သည် အပင်ပေါက်ပြီး ခြောက်လအကြာတွင် အသီးစတင်သီးပြီး အပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး နှစ် ၃၀ မှ ၆၀ ကျော်အထိ သီးပွင့် နိုင်သည်။ ကြယ်ပဲပေါက်သော ဒေသတွင် သက်တန်း ၁၀၀ ကျော် အပင်များ ရှိသည်ဟု သိရပါသည်။ ကြယ်ပဲအကြောင်းအပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/tip-of-sacha-inchi ကြယ်ပဲစိုက်ပျိုးနည်းအကြောင်းကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/star-bean

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။