အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၆ နှစ် က · ပြည်

စပါးပင်က အရွက်အဖျားတွေခြောက်ပြီးဝါနေပါတယ်ရှင့် ပိုးကျနေတာလား?ယူရီးယားပုလဲများသွားလို့လား ဘာဖစ်သွားတာလဲရှင့်...

စပါးပင်က အရွက်အဖျားတွေခြောက်ပြီးဝါနေပါတယ်ရှင့် ပိုးကျနေတာလား?ယူရီးယားပုလဲများသွားလို့လား ဘာဖစ်သွားတာလဲရှင့် ဘယ်လိုပြု ပြင်ပေးရမလဲရှင့် ဖြေကြားပေးပါအူး

Post image
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

ပိုးကျတာမဟုတ်ပါဘူးရှင့် အာဟာရချို့တဲ့တာပါပဲ ပုလဲကို ဆက်မသုံးသင့်တော့ပါဘူးရှင့် ပြီးတော့ အရွက်ဖျန်းဆေးကို ပိုသုံးစေချင်ပါတယ် မြေကြီးက ပြဿနာမို့ အရွက်ကနေ တိုက်ရိုက်အာဟာရရတာ ပိုထိရောက်မယ်ထင်ပါတယ်ရှင့်

812 လွန်ခဲ့သော ၆ နှစ် က

ပိုတက်နဲ့ပုလဲနဲ့ရောပြီး ပက်ထားတာ၃ရက်လောက်ရှိပြီ ဆေးရောင်က တက်မလာသေးဘဲ အရွက်ဖျားတွေက ပုံထဲကအတိုင်း ဝါနေတာ ပိုးကျနေတာများလားရှင့်

100,154 လွန်ခဲ့သော ၆ နှစ် က

ပိုတက်ဆီယမ်ဓာတ် ချို့တဲ့တာလို့ ယူဆပါတယ် ပုံက အနီးကပ်မမြင်ရတော့ စပါးရွက်ကို သေချာကြည့်ကြည့်ပါ ရွက်ဖျားကနေ ဝါပြီး အဖျားလေးတင်ခြောက်နေမယ် အောက်ဘက်ထိ ရောက်အောင် မခြောက်နေဘူး ပြီးရင် အရွက်ရဲ့ အနားသတ်နားလေးတွေဟာလည်း တွန့်နေတာမရှိဘဲ ပြိုင်တူဝါနေမယ် ဆိုရင်တော့ ပိုတက်ဆီယမ်ဓာတ် ချို့တဲ့တာပါ စပါးက အနှံမထွက်သေးတာမို့ ပိုတက်ချ် ပါတဲ့ ရွက်ဖျန်း မြေသြဇာကို ဖျန်းပေးနိုင်ပါတယ် အဓိက အကြောင်းအရင်းက ပုလဲတွေ အကျွေးများပြီး မြေချဥ်သွားလို့လို့ ထင်ပါတယ် ပုလဲ အကျွေးများတာက မြေချဥ်တာကို ဖြစ်စေပါတယ်

812 လွန်ခဲ့သော ၆ နှစ် က

၂လခွဲရက်သားတွေ ဖစ်ကုန်ပြီ တီဆူပါ ထည့်လို့ အဆင်မပြေပါအူးမလားရှင့်

116 လွန်ခဲ့သော ၆ နှစ် က

တီစူပါ ပိုတက်ထည့်ပေးကြည့်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။