အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · ဝိုင်းမော်

နှမ်းကိုဘယ်လထိစိုက်လို့ရလဲ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်

ဖြေကြားချက် ၃ ခု

759 လွန်ခဲ့သော ၆ နှစ် က

september လကုန်ရင် ကျနော့် လယ်စပါးရိတ်သိမ်းမည် ကြားသီးနံအနေနဲ့ နမ်းစိုက်လို့ရပါသလား ရေကတော့ ချောင်းကနေ တင်လို့ရပါတယ် ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြန်မာပြည်အောက်ပိုင်းနဲ့ဆည်ရေရှိတဲ့အညာဒေသတွေမှာတော့ နိုဝင်ဘာလအထိစိုက်ကြပါတယ်။နှမ်းပင်ကရေဝပ်တာမခံနိုင်ပေမဲ့အစိုဓာတ်ရှိနေဖို့တော့လိုအပ်ပါတယ်။အပင်ဖြစ် ထွန်းနေချိန်,ပန်းပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တွေမှာ အစိုဓာတ်လိုအပ်ပါတယ်။ ဆည်ရေမရတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ စက်တင်ဘာလ တတိယပါတ်နောက်ဆုံးထားပြီးစိုက်ကြပါတယ်။နှမ်းပင်က အပူ နဲ့ အလင်း ရောင်များများရရှိမှုကိုကြိုက်တာကြောင့် ဝိုင်းမော်ဒေသအနေနဲ့အခုချိန်စိုက်သင့်ပါတယ်။စိုက်ချိန်နောက်ကျသွားရင် အေးလွန်းတဲ့ရာသီနဲ့ကြုံရမှာမို့ ဖြစ်ထွန်းမှုမကောင်းနိုင်ပါ။

80,436 လွန်ခဲ့သော ၆ နှစ် က

မိုးနှောင်းပိုင်း အောက်တိုဘာ၊နိုဝင်ဘာလ တွေအထိ စိုက်လို့ရပါသေးတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။