အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
120
လွန်ခဲ့သော ၆ နှစ် က · ရေဖြူ

မင်္ဂလာပါခင်ဗျား သခွားပင်မှာအရွက်တွေများနေလို့ အနည်းငယ်ညှပ်ပစ်လို့ရပါသလားခင်ဗျား

အပင်အာဟာရ သခွား
Post image

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

သခွား ခါးရသည့် အ​ကြောင်းအရာတွေပေါ့

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

သခွားသီးဘာကြောင့်ခါးရသလဲ? ################### သခွားပင်ဟာFamily-cucurbitaceae ဆိုတဲ့ ဗူး ၊ဖရုံ၊သခွားမျိုးရင်းထဲမှာပါပါတယ်။ သခွားပင်က ထုတ်လိုက်တဲ့ cucurbitacins ဆိုတဲ့ဓာတ်ပစ္စည်းများက သခွားသီးကိုခါးစေတာဖြစ် ပါတယ်။ ပုံမှန်အားဖြင့်cucurbitacins များ အပင်ရဲ့ အရွက်တွေ၊ပင်စည်တွေ ထဲမှာရှိနေရာမှတဆင့်အသီး ထဲရောက်သွားလို့ သခွားသီးတွေ ခါးရခြင်းဖြစ်ပါတယ်။ cucurbitacinsများဟာ cytotoxin ဖြစ်ပြီးအသီးအရွက်စား သတ္တဝါများရန်က ကာကွယ်ဖို့ ထုတ်တာဖြစ်ပြီး များများစားမိရင် လူတွေမှာဖျားတဲ့အထိဖြစ်တတ်ပါတယ်။ ******************** သခွားပင်တွေဘယ်လိုအခြေအနေမှာ အခါးဓာတ်ထုတ်သလဲ ******************** ၁။ ရာသီဥတု ပူလွန်းခြင်း သခွားသီးခါးရတဲ့ အဓိကအကြောင်းရင်းက အပူချိန်များလွန်းခြင်းပါ။ ပူလွန်းတဲ့အခါသခွားပင်ဟာ အပူဒဏ်(heat stress)ကို ခံရပြီးအခါးဓာတ်ကိုထုတ်ပါတော့တယ်။အပူဒဏ်များများ ခံရလေ အခါးဓာတ်များများ ထုတ်လေပါပဲ။ ၂။ ရေပေးသွင်း/လောင်းခြင်း ပုံမှန်မရှိခြင်း သခွားပင်ကိုရေပေးတဲ့ အခါ နည်းလိုက် များလိုက် (ရေငတ်ခြင်း၊ရေဝပ်ခြင်း) ဖြစ်မယ်ဆို၇င် သခွားပင် အတွက် ဖိစီးမှု stress ဖြစ်ပြီး သခွားသီးတွေ ခါးတတ်ပါတယ်။ ၃။ အပူချိန်ကွာဟချက်များလွန်း ခြင်း သခွားပင်သက်တမ်း အတွင်းရာသီဥတုပူလွန်းခြင်းနဲ့ အေးလွန်းခြင်းကိုကြုံတွေ့ရရင် လည်းသခွားသီးတွေကိုခါးစေပါတယ်။ ၄။ မျိုးရိုးလိုက်ခြင်း အချို့သခွားမျိုးတွေမှာခါးတဲ့ဗီဇ (gene)ပင်ကိုယ်အတိုင်း ပါလာလို့ခါးတာလည်းရှိပါတယ်။ ****************** သခွားသီးမခါးရလေအောင် ******************** # ၁။ မျိုး မျိုးရွေးချယ်စိုက်ပါ။ အချို့မျိုးများဟာမိုးရာသီမှာမခါး သော်လည်းကျန်တဲ့ရာသီမှာခါးတတ် ပါတယ်။ နွေ၊မိုး၊ဆောင်းသုံးရာသီလုံး မခါးတဲ့မျိုးများရှိနေပါပြီ။ # ၂။သင့်တော်တဲ့ရာသီဥတုမှာစိုက်ပါ။ ပူပြင်းတဲ့ဒေသတွေမှာမိုးနဲ့ဆောင်း မှာစိုက်ပါ။နွေမှာစိုက်မယ်ဆိုပါက ကွမ်းခြံတွေမှာသုံးတဲ့ဇကာစိမ်း (50%horti net)နဲ့အမိုးလုပ်စိုက် ပါ။ # ၄။ စိုက်နည်းစနစ် သခွားစိုက်မယ်ဆိုရင်စိုက်ဘောင် လုပ်စိုက်ပျိုးခြင်းကရေငတ်ခြင်း နဲ့ရေ၀ပ်ခြင်းကို သက်သာစေပါတယ်။ စိုက်ဘောင်ထဲသဘာဝမြေသြဇာ များသင့်တော်တဲ့ဓာတ်မြေသြဇာများ ကိုမြေခံအဖြစ် ထည့်ပါ။ စိုက်ဘောင်ကို ကောက်ရိုး၊ သစ်ရွက်သို့မဟုတ်ပလပ်စတစ် စနဲ့ ဖုံးအုပ်ပါ။ အပင်တွေလေ၀င်လေထွက် ကောင်းကောင်းရစေရန်လုံလောက်တဲ့ ပင်ကြားတန်းကြားနဲ့စိုက်ပါ။ သခွားပင်နွယ်တက်ရန်အတွက် တန်းထိုး၍စင်ဆောက်ပေးပါ။ #၄။ ရေသွင်းခြင်း/ရေလောင်းခြင်း သခွားပင်ဟာအခါးဓာတ်တစ်ခါ ထုတ်မိရင် ဆက်ကာထုတ်တတ်တဲ့ သဘာဝရှိတာကြောင့်အပင်ငယ်စဉ် ကစ၍ ရေကိုလောင်းခြင်း၊ သွင်းပေးခြင်းကိုပုံမှန်ပြုလုပ်ပါ။ ရေမဝပ်ရန်ဂရုစိုက်ပါ။ ရွက်ဖျန်းဆေးအနေဖြင့် ဆားခါးကိုေ၇တစ်ဂါလံ ဟင်းစားဇွန်းတစ်ဇွန်းနှုန်း ၅ ရက်တစ်ကြိမ် မနက်ပိုင်း ဖျန်းပေးပါ။ သခွားသီးလှီးတဲ့အခါ အရင်းပိုင်းကိုဖြတ်ပါ။ သခွားသီးနှင့်ဒါးကိုေ၇ဆေးပါ။ အခွံနွှာပြီးပါကလည်းအချပ်လိုက် မလှီးခင် ဒါးနှင့်သခွားသီးကိုရေဆေး ပြီးမှလှီးပါ။ အထက်ပါအချက်များအတိုင်း စိုက်ပျိုးမည်ဆိုပါက သခွားသီး များမခါးပါကြောင်း $$$$ Refး Learn Why Cucumber Has Bitter Taste Aung KO Latt@စိုက်ပျိုးရေးကမ္ဘာ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ရောဂါ ရ အရွက်တွေ နေရောင်ခြည်ကောင်းစွာမရတဲ့ အရွက်တွေ ဆိုရင်တော့ ဖယ်ရှား ရှင်းလင်း ဖျက်ဆီး သင့်ပါတယ်

120 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါခင်ဗျား

82,997 လွန်ခဲ့သော ၆ နှစ် က

မလိုပါဘူး ခင်ဗျ။ အရွက်များ​ေတာ့အပင်တွက်ပိုကောင်းပါတယ်။

643 လွန်ခဲ့သော ၆ နှစ် က

သခွားသီးခါးတာဘာကြောင့်လဲဗျ

234 လွန်ခဲ့သော ၆ နှစ် က

မအိုပါဘူး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။