အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · ပုသိမ်ကြီး

ကောက်ရိုးမှိူစိုက်ပျိူးနည်းကို ဗေဒါနဲ့စိုက်တဲ့နည်းသိရင်ပြောပြပေးပါ။pls

စိုက်ပျိုးနည်း မှို (ကောက်ရိုးမှို)

ဖြေကြားချက် ၁ ခု

47,132 လွန်ခဲ့သော ၆ နှစ် က

ဗေဒါနှင့်ကောက်ရိုးမှိုစိုက်ပျိုးခြင်း ကောက်ရိုးမှိုစိုက်ပျိုးမှု့တွင်ဗေဒါကိုအသုံးပြုစိုက်ပျိုးလာသည်မှာနှစ်ကာလအားဖြင့်အတန်ကြာခဲ့ပြီဖြစ်သည်။ ကောက်ရိုးအသုံးပြုစိုက်ပျိုးခြင်း၌ဗေဒါကိုအခြောက်အတိုင်းသာအသုံးပြုစိုက်ပျိုးသည်ကများပြီးဂျပ်စက္ကူအသုံးပြုစိုက်ပျိုးခြင်း၌ဗေဒါအစို/အခြောက်အသုံးပြုစိုက်ပျိုးကြသည်။ အထူးသဖြင့်ဗေဒါသည်ကောက်ရိုး/ဂျပ်စက္ကူ/ဝါအလေအလွင့်/ဆီအုန်းခိုင်/ပီလောပီနံကြိတ်ဖတ်/မြေပဲရိုးတို့လိုပင်မကုန်ကြမ်းအဖြစ်အသုံးမပြုနိုင်သော်လည်းအားကောင်းသောပင်ကိုဟန်ရှိသောဖြည့်စွက်စာဖြစ်သည်။ စက်မှု့ပုံစံစိုက်ပျိုးခြင်း၌mediaအလွှာတလွှာကိုပိုင်ဆိုင်သောကုန်ကြမ်းတခုလည်းဖြစ်သည်။ချောင်းပိတ်မြောင်းပိတ်အုပ်လိုက်ပေါက်ရောက်တတ်ပြီးရေတွင်ပေါများသောပွားသောအမှိုက်လည်းဖြစ်သည်။ ထိုအမှိုက်သည်ကျနော်တို့ကောက်ရိုးမှိုစိုက်ပျိုးမှု့၌ရွှေဖြစ်နေသည်။သို့သော်ထိုအမှိုက်ကိုရွှေဖြစ်အောင်ပြောင်းဖို့သူ့အကြောင်းတော့သိဖို့လိုလာပြီဖြစ်သည်။ ဗေဒါပင်ကိုအပုမျိုးနှင့်အရှည်မျိုးဆိုပြီးအတွေ့ရများပါတယ်။စိုက်ပျိုးမှု့မှာအပုမျိုးထက်အရှည်မျိုးကများစွာသာလွန်တယ်ဆိုတာအတွေ့အကြုံအရမှတ်သားမိပါတယ်။ တဆက်ထဲအနုထက်အရင့်ကသာပြန်ပါတယ်။နုရင်ရိုးတံသေးသွယ်မယ်။အစိမ်းနုရောင်သန်းမယ်။ရင့်ရင်ရိုးတန်ကျစ်လစ်မယ်။အစိမ်းရင့်မယ်။အရှည်တပေခွဲမှနှစ်ပေထိရှိတတ်တယ်။ ပင်ပိုင်းဆိုင်ရာကိုအရွက်/ပင်စည်/အမြစ်/မြစ်မွှားဆိုပြီးခွဲခြားသတ်မှတ်ပြီးကောက်ရိုးမှိုကြိုက်ဆဲလူးလိုစ့်(cellulose)ဟေမှီဆဲလူးလိုစ့်(hemi-cellulose)အတန်အသင့်ပေါကြွယ်ဝနေတယ်။ ဒါကြောင့်လည်းသူ့ကိုတွင်တွင်ကျယ်ကျယ်စိုက်ပျိုးနိုင်တာပါ။ဒါ့ပြင်ငွေနှင်းမှိုကြိုက်လစ်ဂနင်အားပျော့နေတယ်ထုထည်ပွလွန်းတဲ့အတွက်ငွေနှင်းမှိုစိုက်ပျိုးမှု့မှာအသုံးနည်းပါတယ်။ ### ဗေဒါအခြောက် ရေဓာတ်ပါဝင်တဲ့မည်သည့်ပစ္စည်းမဆိုဓာတ်ခွဲစစ်ဆေးလိုက်တဲ့အခါအစိုအခြေထက်အခြောက်အခြေအနေကအာဟာရတန်ဖိုးအခြားသောအကျိုးပြုသောအရာတွေပိုမိုပါဝင်နေပါတယ်။ ဥပမာအားဖြင့်ကောက်ရိုးမှိုအစိုနဲ့အခြောက်ကိုနှိုင်းယှဉ်သလို။ဒါကအစိုအခြေနေမှာရေဓာတ်ပါဝင်မှု့မြင့်မားနေတဲ့အတွက်တချို့သောအရာတွေရေပါဝင်မှု့%ကြောင့်အဖြေမပေါ်တာပါ။ တလက်စတည်းအကျိုးမပြုမှိုရောဂါတွေဘက်တီးရီးယားတွေကအခြောက်အခြေနေမှာကင်းစင်တာကများတာကိုး။ဆိုလိုတာကကောက်ရိုးမှိုစိုက်ပျိုးမှု့မှာအစိုထက်အခြောက်ကသာလွန်တယ်ဆိုတာပါ။ ဗေဒါခြောက်ကိုကောက်ရိုးအသုံးပြုစိုက်နည်းမှာဖြည့်စွပ်စာအဖြစ်သုံးတဲ့အခါအထွက်ပိုတယ်။မှိုဥချောတယ်။သူ့ကိုရိုးပြတ်အနည်းငယ်နဲ့ဇလားပုံသီးသန့်စိုက်ပျိုးလို့လည်းရတယ်။ လိုချင်တဲ့စိုထိုင်းဆကောအပူကောတည်ငြိမ်လို့ထိန်းချုပ်ရလွယ်တယ်။ဂျပ်စက္ကူနဲ့စိုက်ပျိုးမှု့မှာအစိုစိုက်ထက်၃ပုံ၁ပုံလျော့ချနိုင်ပါတယ်။အစိုမှာ၉တင်းဆိုသူက၆တင်းပါ။ ဒီနေရာမှာစဉ်းစားစရာကအစိုလောက်အပူထွက်ပါ့မလားဆိုတာပါ။ဖိုက်ဘာပါတဲ့မည့်သည့်ကုန်ကြမ်းမဆိုရေအစိုထိရင်အပူထွက်တယ်ဆိုတာလေးသိရင်အဲ့အချက်ကိုစိုးရိမ်စရာမလိုတော့ပါ။ သတိထားစရာကတော့ဗေဒါခြောက်မှာအပုပ်ခြောက်နဲ့နေခြောက်ရှိတယ်ဆိုတာပါ။အပုပ်ခြောက်ကသက်ရှိဘက်တီးရီးယားတွေခြေဖျက်လို့အာဟာရပိုင်းမှာအားလျော့ပါတယ်။ ပင်စည်ကရိရွဲပြီးချွဲကျိနေလို့အခြားမလိုလားအပ်တာတွေတွေ့ကြုံနိုင်ပါတယ်။fiberမရှိတော့လို့ရေထိလည်းအပူမထုတ်တော့ပါ။ ဒါပြင်တီကောင်ဆီသည်မတို့မွေ့လျော်ရာအမှိုက်ပုံကြီးပါ။နေခြောက်ကတော့လက်နဲ့ချိုးလို့ချေလို့ရတယ်။သူ့ကိုသာကောက်ရိုးမှိုစိုက်ပျိုးရေးအတွက်သုံးတာပါ။ #အသုံးပြုနည်းကတော ့ဗေဒါခြောက်တွေကိုလက်သုံးလုံးလောက်ခုတ်စင်းပါ။ပြီးလျှင်တင်းရေ၁၀တင်းမှာထုံး၁ဘူးထည့်ဖျော်ထားသောထုံးရေမှာ၂နာရီခန့်စိမ်ပါ။ နစ်မြုပ်အောင်နှစ်ပြီးရေဆွတ်လို့လည်းရ။ဆယ်ယူပြီးဖွဲနု၂ဘူးနှင့်ရောသမကာမိမိနှစ်သက်ရာစိုက်နည်းဖြင့်စိုက်ပျိုးပါ။ ကောက်ရိုးအသုံးပြုစိုက်ခြင်းစက်မှု့လုပ်ငန်းအသွင်စိုက်နည်းတို့မှာဗေဒါခြောက်ကိုသာသုံးရပါတယ်။အစိုလုံးဝမရပါ။ ###ဗေဒါအစို ဗေဒါအခြောက်မှာပြောခဲ့သလိုဗေဒါအစိုကရေဓာတ်ပါဝင်တဲ့အတွက်ကောက်ရိုးမှိုကြိုက်အရာတွေနည်းပါးပါတယ်။ သို့ကြောင့်မှိုဥသေးတာမှိုပါးဟပ်ပါးအပွင့်မြန်တာပွလွန်းကြီးလွန်းသော်လည်းရှိသင့်တဲ့အလေးချိန်ထက်လျော့နည်းတာအလုံးထွက်နည်းပြီးငုံပွများတဲ့အတွက်စျေးကွက်မျက်နှာပန်းမလှတာတွေရင်ဆိုင်ရပါတယ်။ ဒါ့အပြင်သီးသမျှသန္ဓေလေးတွေဟာထည့်သွင်းစိုက်ပျိုးထားတဲ့အရွက်ပင်စည်အရိုးမြစ်မွှားတို့မှာကြီးထွားတာမဟုတ်ဘဲကြားကွက်လပ်spaceသေးသေးလေးတွေမှာဖွံ့ဖြိုးကြီးထွားတာပါ။ ဒါကြောင့်အရွက်ပေါ်အရိုးပေါ်သီးတဲ့သန္ဓေတွေမအောင်တာပါ။ဒီနေရာမှာအယူအဆလေးတရပ်ကအပင်မှန်သမျှရေကိုဘယ်လောက်ထိစုပ်လည်းဆိုတာပါ။ဟုတ်ကဲ့အပင်မှန်သမျှကရေကိုစုပ်နိုင်သမျှစုပ်တာပါ။ ဗေဒါအစိုကိုစိုက်ပျိုးထားလို့သီးလာတဲ့သန္ဓေလေးတွေကဗေဒါကရေကိုစုပ်ယူလိုက်ပါတယ်။ကျနော်တို့သိပ္ပံနည်းကျစိုက်ပျိုးမှု့အရဖမ်းချင်တဲ့အပူနဲ့ရေစုပ်ထားတဲ့သန္ဓေတို့တွေ့ပြီးရှော့ရိုက်သန္ဓေတွေသေကုန်တာဘဲဖြစ်ပါတယ်။ ဒါအပြင်ဗေဒါအစိုကရေငုံတာများတဲ့အတွက်တခါတခါမှိုအတွက်အကျိုးမပြုတဲ့အပုပ်ဖြစ်ခြင်းရေငုံထားခြင်းထိုရေတွေကပူခြင်းတို့ဖြစ်စေပါတယ်။ ဗေဒါအစိုကမြစ်မွှားမှာရွံနွံတို့ကပ်ပါလာခြင်းကလည်းဘုံနိမ့်မှိုတွေကိုပေါက်ဖွားစေပါတယ်။မည်သို့အားနည်းချက်ရှိစေကာမူလက်ရှိတွင်တွင်ကျယ်ကျယ်စိုက်ပျိုးနေပါတယ်။ ဖြစ်သူရှိသလိုမဖြစ်သူလည်းရှိကြပါတယ်။သူ့အားနည်းချက်တွေသိရှိနားလည်ပြီးစနစ်တကျစိုက်ပျိုးရင်အကျိုးဖြစ်စေပါတယ်။သူကစတင်စိုက်ပျိုးပြီး၈ရက်အတွင်းအပူထုတ်ပါတယ်။ ကျနော်တို့မူလအစစိုက်ပျိုးတဲ့၅ရက်အတွင်းပထမအဆင့်အပူချိန်က၃၈°Cကနေ၄၂°Cထိလက်ခံနိုင်ခြင်းစိုထိုင်းစထိန်းသိမ်းနိုင်ခြင်းကြောင့်အခြားသောအရာတွေနဲ့မတူမှိုမျှင်ပြလှတယ်။ ၈ရက်နောက်ပိုင်းမှာအပူလျော့ပြီးစိုထိုင်းဆဘက်မျက်နှာမူတဲ့အတွက်မှိုထွက်ကောင်းစေပါတယ်။သို့အတွက်ဆောင်းတွင်းဗေဒါအစိုဖြင့်စိုက်ပျိုးခြင်းကိုချင့်ချိန်ခိုင်းတာဖြစ်ပါတယ်။ ဒါ့အပြင်ဗေဒါအစိုမှာတည်မြဲစိုထိုင်းဆရှိတယ်ဆိုတာပါ။အခြားသောတိရစ္ဆာန်အညစ်ကြေးများစိုက်သလိုရေများများလောင်းထည့်စရာမလိုပါ။ ဗေဒါအစိုစိုက်ပျိုးလိုသူများအနေနဲ့အရင့်ကိုရွေးချယ်စိုက်ပျိုးပါ။ #မြစ်မွှားတွေကိုချိုးပါဖယ်ရှားပါသို့ရေစင်စင်ဆေးပါ(ဘုံနိမ့်မှိုပေါက်ဖွားခြင်းဟန့်တားရန်) #အစိုတိုင်းအပုံလိုက်ခုတ်စင်းပါ(အချိန်လုပ်အားချွေတာရန်) #ခုတ်စင်းထားသည်များကိုဖြန့်ကာနေတရက်ပြပါ(သန္ဓေသေခြင်းရေငုံခြင်းပုပ်သွားခြင်းဟန့်တားရန်) # ဂျပ်စီထည့်ပြီးလက်ဖက်ရည်ဆိုင်ကစွန့်ထုတ်သောလက်ဖက်ခြောက်မှုန့်နေလှန်းခြောက်သွေ့စေပြီး ၁ပြည်ပြာမှုန့်ဘူးဝက် နွားချေးမှုန့်၁ပြည်ထည့်သွင်းစိုက်ပျိုးမယ့်မျိုးပမာဏဖွဲနု၂ဘူးရောနယ်သမကာဘောင်အနှံ့ဖြူးပေးပါ(မှိုဥသေးခြင်းပါးဟပ်ပါးအပွင့်မြန်ခြင်းငုံပွဖြစ်ခြင်းကိုဟန့်တားစေရန်)စသည့်အချက်များလိုက်နာဆောင်ရွက်ပါ။#credit

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။