ဖြေကြားချက် ၈ ခု
ငှက်ပျောက ရေမျှမျှတတအမြဲရှိနေဖို့လိုအပ်ပါတယ်။ရေများရင်မကြိုက်ပါ.ရေဝပ်ရင်မကြိုက်ပါ။ဒါကြောင့်အပင်ခြေကိုမြေဖို့ပြီးရေသွင်းပေးရပါမယ်။မိုးဦးစိုက်ရင်တော့အကောင်းဆုံးပေါ့.အပင်ကြီးထွားစဥ်ကာလမှာ မိုးရေနဲ့ဆက်လက်ရှင်သန်နိုင်တာမို့ ကုန်ကျ စရိတ်သက်သာတဲ့အပြင် အပင်ကြီးထွားမှုလည်းကောင်းပါတယ်။အောက်တိုဘာစိုက်မယ်ဆိုရင်ရေကိုမဖြစ်မနေပေးရပါမယ်။ကောင်းတဲ့တစ်ချက်က မိုးများမှုကြောင့်ဖြစ်နိုင်တဲ့ရောဂါကျရောက်မှုတွေ နည်းနိုင်ပါတယ်။
သီးမွှေးက စျေးကွက်၀င်တယ်ဆိုတော့ ၁ဖီးဘယ်လောက်လဲဗျ
ရွှေနီက သက်ကြီး မျိုးဖြစ်ပြီး သားတက်အထွက်နောက်ကျပါတယ်။အသီးလုံးတော့ ကြီးပါတယ်။ဒေသမှာ ဈေးကွက်ရှိရင်တော့ စိုက်ပျိုးနိုင်ပါတယ်။သီးမွှေးခွံဝါက တော့ နိုင်ငံတကာ ဈေးကွက် ဝင်နိုင်ပါတယ်။
ကျေးဇူးပါ
ဟုတ်ပါတယ် ။တစ်ချို့က အစက်ချရေသွင်းစနစ်နဲ့ပေးကျပါတယ်။စိုက်ခင်းတစ်ခုလုံးရေလွှမ်းထားတာမျိုးတော့ မလုပ်သင့်ပါဘူး
ဘယ်မျိုးစိုက်ရင်ကောင်းမလဲ ရွှေနီဆိုရင်အဆင်ပြေလားအစ်မ
ဟုတ်ကဲ့ ရေသွင်းရလားဗျ
စိုက်ပျိုးနိုင်ပါတယ်။အောက်တိုဘာလတွေဖြစ်နေရင်တော့ ငှက်ပျောစိုက်ခင်းကို မဖြစ်မနေရေပေးဖို့လိုပါတယ်။ ငှက်ပျောကရေကြိုက်ပင်ဖြစ်သလို အထွက်နှုန်းမြင့်မားဖို့အတွက် လုံလောက်တဲ့ရေပေးရမှာဖြစ်ပါတယ်။ ရေခြောက်နေတဲ့ငှက်ပျောပင်ရဲ့ အမြစ်တွေက ဖွံဖြိုးမှုနည်းတတ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေတစ်ဧကတွင်ငှက်ပျောပင်ဘယ်လောက်စိုက်ရင်ကောင်းပါလဲ သိတဲဆရာများပြောကြားပေးပါခင်ဗျာ
ဖြေကြားချက် 3 ခု
ငှက် ပျောပင်စည်ကွဲတာကိုဘာဆေးအသုံးပြုရပါမလည်းခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်
ဖြေကြားချက် 0 ခု
ငှက်ပျောခေါင်းပိုးစားလို့ခနခနသေ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ငှက်ပျောသားတက်မစိုက်ခင် ဆားခါးဖျော်ရည်စိမ်လို့ရလား
ဖြေကြားချက် 0 ခု
ဖီးကြမ်းငှက်ပျောစိုက်ချင်လို့ပါဗျ မစိုက်မီ ဘာတွေကိုပြင်ဆင်သင့်သလဲ။ မြေပြုပြင်တဲ့အခါ မြေဩဇာကြိုတင်အသုံးပြုရပါသ...
ဖြေကြားချက် 2 ခု