အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,226
လွန်ခဲ့သော ၈ နှစ် က · ညောင်လေးပင်

စပါးကြဲဖို့အတွက် စပါးကိုဆားရည်စိမ်ခြင်းဟာ ဘယ်လောက်အသုံးဝင် အကျိုးရှိပါသလခင်ဗျာဲ? ဆားးရည်စိမ်တဲ့လုပ်နည်းလုပ်ဟန်...

စပါးကြဲဖို့အတွက် စပါးကိုဆားရည်စိမ်ခြင်းဟာ ဘယ်လောက်အသုံးဝင် အကျိုးရှိပါသလခင်ဗျာဲ? ဆားးရည်စိမ်တဲ့လုပ်နည်းလုပ်ဟန် နဲ့ စိမ်ရမဲ့အချိန်ကိုလည်းသိချင်ပါတယ်ခင်ဗျာ

စိုက်ပျိုးနည်း စပါး စပါးမျိုးစေ့ ဆားရည်စိမ်ခြင်း
6

ဖြေကြားချက် ၆ ခု

1,226 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူပါဘဲဗျာ download လိုက်ပါပြီ

လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့..ဇော်ဂျီဖောင့်ကိုပြန်ပြောင်းပေးထားပါတယ်ခင်ဗျာ့

1,226 လွန်ခဲ့သော ၈ နှစ် က

ကိုအောင်မြင်ါမြတ်ရေ ချပေးထားတဲ့ link က ဘာ font လဲ ခင်ဗျာ ကျွန်တောဖတ်မရလို့ပါ ပြီးတော့ စပါးကို ဆားရည်စိမ်ရမဲ့အချိန်ကိုလည်းသိချင်ပါတယ်

1,226 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါဘဲခင်ဗျာ

လွန်ခဲ့သော ၈ နှစ် က

လိုအပ်သောပစ္စည်းများ ၁။ ကျောက်စည်(သို့) အဝကျယ် ပလပ်စတစ်ပုံး(သို့)စည်ပိုင်းပြတ်တစ်ခု။ ၂။ အိမ်သုံးဆား(သို့)ဆားကြမ်း ၃။ ဆားရည်ပြင်းအားကို တိုင်းတာရန် လက်ဆက်သောကြက်ဥ (သို့) ဘဲဥတစ်လုံး ၄။ မွှေရန် ဝါးသို့ ယောင်းမရှည်တစ်ခု(သို့)လှော်တတ် ၅။ အဖျင်းအမှော်များဆယ်ယူရန်ဆန်ခါတစ်ခု ၆။မျိုးစေ့များကို ဆယ်ယူရန်ပလတ်စတစ်နွားချည်ထောင်နှစ်ကိုက်(သို့) ဇာပြာစ ၇။ပေါင်းစေ့များကို ဖယ်ရှားရန် ရေစစ်(သို့) ပိတ်ပါးစ ပြုလုပ်ပုံအကျင်းဖျင်းကတော့.. ဆား(၂ပိဿာခွဲ)ကိုရေ ၄ဂါလံနဲ့ဖျော်ပါ။ ရေရဲ့ ပြင်းအားကတနေရာနဲ့နေရာမတူနိုင်တဲ့အတွက် ပြင်းအားကိုချိန်ညှိရန် လတ်ဆက်သောကြက်ဥ(သို့)ဘဲဥကို ဆားနဲ့ရေဖျော်ရည်ထဲသို့ထည့်ကြည့်ပါ။ ကြက်ဥကဆားဖျော်ရည်တွင် သုံးပုံတစ်ပုံပေါ်သည့်အထိဆားနဲ့ရေကိုချိန်ဆထည့်ရပါမယ်။ ဆားရည်စိမ်နည်းအပြည့်အစုံကိုတော့ စာအုပ်စင်အခန်းကဏ္ဍ-"စပါးသီးနှံကာကွယ်ရေးနှင့် အထွက်တိုးရေး နည်းလမ်းများ" စာအုပ်တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ အောက်ပါLinkတွင်လည်း "စပါးသီးနှံကာကွယ်ရေးနှင့် အထွက်တိုးရေးနည်းလမ်းများ"စာအုပ်အကြောင်းကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/books/Good-Production-Practices

လွန်ခဲ့သော ၈ နှစ် က

မျိုးစေ့ကိုဆားရည်စိမ်ခြင်းအားဖြင့်.. ၁။ အရည်အသွေးကောင်းသော မျိုးစေ့များရရှိပြီးသန်မာသောပျိုးပင်များရရှိသဖြင့် ကိုယ်ခံအားကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်း ၂။မျိုးစေ့ဆောင်ရောဂါဖယ်ရှားနိုင်ခြင်း ၃။ မျိုးစေ့အဖျင်းအမှော်၊ ကျောက်ခဲ၊သဲတို့ကိုဖယ်ရှားနိုင်သဖြင့် အရည်အသွေးကောင်းသောမျိုးစေ့များရရှိနိုင်ခြင်း ၄။ အဖျင်းအမှော်များကို တိရိစ္ဆာန်အစာဖြင့်ပြန်လည်အသုံးပြုနိုင်ခြင်း-စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။