အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၅ နှစ် က · ကျုံပျော်

မေးခွန်းကဒီမှာ‌မေးလို့ရလားမသိပေမဲ့မေးပါရစေခင်ဗျာ ခုလမှာစပါးတွေ‌ရိတ်ပီးပြန်ရောင်းမယ်ဆိုတော့ ကုန်သည်တွေကစပါးတင်း...

မေးခွန်းကဒီမှာ‌မေးလို့ရလားမသိပေမဲ့မေးပါရစေခင်ဗျာ ခုလမှာစပါးတွေ‌ရိတ်ပီးပြန်ရောင်းမယ်ဆိုတော့ ကုန်သည်တွေကစပါးတင်းတစ်ရာရောင်းရင်ထပ်ဆောင်း10တင်းပေးရမယ်ဆိုပီးလိုက်ဝယ်နေပါတယ် အဲဒါကနေရာတိုင်းပဲလား ဧရာဝတီတိုင်း၊ကျုံပျော်ဘက်ကပါ ဘယ်လိုကူညီပေးနိုင်ပါလဲခင်ဗျာ

စိုက်ပျိုးစီးပွား စပါး စပါးဈေးကွက် အချိတ်အဆက်

ဖြေကြားချက် ၃ ခု

2,380 လွန်ခဲ့သော ၅ နှစ် က

ရေစိုလိုက်ဝယ်တာလား၊အခြောက်ကတော့ကျနော်တိုဘက်မှာမပေးရပါဘူး

118 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

မန္တလေး.စစ်ကိုင်းဘက်မှာကြားဖူးတယ်။တောင်သူကတင်းတောင်းနဲ့ချိန်တွယ်ရောင်းတယ်.ဝယ်သူကအလေးချိိန်နဲ့ဝယ်ယူတယ်.အခုနောက်ပိုင်းစပါးဝယ်ယူသူတွေက သတ်မှတ်ထားတဲ့အစိုဓာတ်ကိုတိုင်းတယ်.အစေ့အဆံပြည့်ဝမှုရှိမရှိကြည့်တယ်။အစေ့အဆံမပြည့်ဝဘူးဆိုရင်မကြိုက်ကြဘူး.သတ်မှတ်ထားတဲ့အ​လေးချိန်မရှိဘူးဆိုရင် ​စပါးကိုအပိုဆောင်းယူပြီးဝယ်ကြတယ်။ဒါကြောင့်အဖျင်းအမှော်တွေမပါအောင် သန့်စင်ပြီးမှရောင်းသင့်ပါတယ်။အစေ့အဆံပြည့်ဝအောင်စိုက်ပျိုးလုပ်ငန်းစဥ်တလျှောက်ဂရုစိုက်လုပ်ဆောင်ရပါမယ်.မြေဆီကိုစနစ်တကျကျွေးရပါမယ်။နောက်ကျပင်ပွားတွေကထွက်တဲ့စပါးနှံတွေက အဖျင်းအမှော်တွေများတတ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။