ယင်ဖြူကောင်လေးတွေကိုဘယ်လိုဆေးနှင့်ကာကွယ်နိုင်ပါသလဲခဗျ ဆေးဖြန်းတာလဲစုံနေဘီငွေကုန်ဆေးကုန်ပြီးဘာမှမထူးခြားလို့ပါ...
ယင်ဖြူကောင်လေးတွေကိုဘယ်လိုဆေးနှင့်ကာကွယ်နိုင်ပါသလဲခဗျ ဆေးဖြန်းတာလဲစုံနေဘီငွေကုန်ဆေးကုန်ပြီးဘာမှမထူးခြားလို့ပါလမ်းညွန်ပေးပါဦး
ယင်ဖြူကောင်လေးတွေကိုဘယ်လိုဆေးနှင့်ကာကွယ်နိုင်ပါသလဲခဗျ ဆေးဖြန်းတာလဲစုံနေဘီငွေကုန်ဆေးကုန်ပြီးဘာမှမထူးခြားလို့ပါလမ်းညွန်ပေးပါဦး
ဟုတ်ကဲ့ရှင့် အပေါ်က ဆောင်းပါးမှာလည်း လေ့လာနိုင်ပါတယ် ဒါပေမယ့် ရှင်းသွားအောင် အချက်လေးတွေနဲ့ပြေပါ့မယ် ပထမဦးဆုံး ယင်ဖြူတွေပြေးအောင် ရေလောင်းတဲ့အခါ အရွက်အောက်ကို ရေပိုက်နဲ့ ထိုးဖျန်းပေးပါ တောင်သူအခေါ်အရတော့ အပင်ရေချိုးတယ်လို့ ခေါ်ကြပါတယ် အဓိကတော့ အရွက်အောက်မှာ ယင်ဖြူတွေအထိကနေတာမလို့ ရေပိုက်ရေအားနဲ့ နာနာထိုးဖျန်းတာက ယင်ဖြူတွေကို ကြောက်လန့်ပြီး ထွက်ပြေးစေပါတယ် ပြီးရင်တော့ ယင်ဖြူပြန်မလာနိုင်အောင် အရွက်မျက်နှာပြင်ပေါ်ကို ဆပ်ပြာရည်နဲ့ ဖျန်းပြီး တစ်ထပ်ကာပေးရပါမယ် အဲ့လိုလုပ်ပေးခြင်းက ယင်ဖြူတွေအရွက်တွေရဲ့ ပင်ရည်ကို စုပ်မစားနိုင်တော့ပါဘူး ဆပ်ပြယရည် စပ်နည်းကတော့ အပေါ်ကဆာင်းပါးထဲမှာပါပါတယ် ပြီးရင်တော့ yellow sticky trap လို့ခေါ်တဲ့ အဝါရောင်စေးကပ်ထောင်ချောက်တွေ ထောင်ပါ အလွယ်တကူလုပ်နိုင်တဲ့နည်းကို ဆောင်းပါးထဲမှာ လေ့လာနိုင်ပါတယ် နောက်ဆုံးအနေနဲ့ ဘုံပျောက်နေတဲ့ ယင်ဖြူတွေကို ဆေးဖျန်းပြီး နှိမ်နင်းနိုင်ပါတယ် ဆေးအနေနဲ့ အဆီတာမီပရစ် သိုင်ယာမီသောက်ဇင် အဆီဖိတ် စတဲ့Ai တွေ သုံးနိုင်ပါတယ်
စိုက်ခင်းထဲက ယင်ဖြူတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ဆောင်းပါးလေးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပိုးထောင်ရင်:ကပ်ထူအဝါအပြာအဖြူကိုကော်သုံးရင်ကြာကြာအထားခံမည့်ကော်ဘယ်ကော်မျိုးသုံးရမလဲဗျ:-((͡° ͜ʖ ͡°:
ဖြေကြားချက် 1 ခု
မင်္ဂလာပါဆရာ စိုက်ပျိုးရေးသုံး စွဲကပ်ပျံ့နှံ့ဆေး ကော်ရည်လုပ်နည်းပြောပေးပါဦး
ဖြေကြားချက် 1 ခု
ပိုးဖလံထောင်ဖမ်းနည်းလေးသိပရစေ
ဖြေကြားချက် 3 ခု
အဝါရောင်ထောင်ချောက် ဘယ်လိုလုပ်ရတာလဲ
ဖြေကြားချက် 2 ခု
အဝါရောင် ပိုးထောင် ကပ် လေးတွေမူရင်းပါတဲ့ ကော် သက်တမ်းကုန်သွားရင် ပြန်အသုံးပြုဖို့အတွက် ဘယ်ကော်အမျိုးအစားတွေကို...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။