ဖြေကြားချက် ၁ ခု
★.ပဲယဉ်း(Rice bean) စိုက်ပျိုးခြင်း မြန်မာအမည်. ပဲယဉ်း အင်္ဂလိပ်အမည်. Rice bean အိန္ဒိယအမည်. Moth bean မျိုးစု(Genus).Vigna မျိုးစိတ်(Species) V.umbellata မျိုးရင်း(Family) Fabaceae မူရင်းဒေသ အိန္ဒိယ မြန်မာပြည်နှင့် ပါကစ္စတန်တို့ ဖြစ်သည်ဟု လေ့လာ သိရပါသည် ထိုမှတဆင့် သီရိလင်္ကာ တရုတ်နိုင်ငံများသို့ ပျံ့နှံ့ခဲ့ပြီး အမေရိကန်ပြည် ကာလီဖိုးနီးယားနှင် တက္ကဆက် ပြည်နယ်များသို့ မျိုးပျံ့နှံ့သွားကြောင်း သိရှိရပါသည် အိန္ဒိယနှင့် ပါကစ္စတန် နိူင်ငံတို့တွင် အများအပြား စိုက်ပျိုးထုတ်လုပ်လျက် ရှိကြပါသည် သွင်ပြင်လက္ခဏာ ပဲယဉ်းသည် ကြီးထွားသန်မာမှု အသင့်အတင့်ရှိသော ပဲနွယ်ပင်မျိုးဖြစ်ပါသည် နူးညံပျော့ပြောင်းသော အမွေးများ ပင်စည်တစ်ခုလုံးတွင် ရှိနေပါသည် ရွက်ရိုးတန်ရှည်ပြီး အရွက်ခွဲများ(Leaflets)ပါးလွှာသည် အရွက်ရင်း ကျယ်ပြန့်ပြီး အဖျားဘက်သို့ ရှုး၍ချွန်သွားသည် ပန်းပွင့်ရိုးတန်များသည် (6 )လက်မအထိရှည်သည် ပန်းပွင့်ထိပ်ဝ လက်မဝက်ခန့်ရှိပြီး အထက်ပိုင်းသို့ ကောက်နေပါသည် အပွင့်အရောင်မှာ အဝါရောင်ဖြစ်ပြီး ရိုးတန်ထိပ်ဖျားနှင့် အထက်ပိုင်းတွင် စုပြုံပွင့်နေကြသည် ပဲသီးတောင့်များသည် ထုလုံးရှည်(Cylndrical) ပုံသဏ္ဍန်ရှိပြီး သေးသွယ်နေပါသည် မတ်ပဲ ပဲတီစိမ်း ပဲနောက်ကဲ့သို့ ဖြစ်ပြီး အရွယ်အစားမှာ ကွာခြားမှုများစွာ မရှိသော်လည်း ပဲယဉ်းသည် အလုံးသေးပြီး ဖြောင့်တန်းသော အလျားရှည်သည့် ပဲလုံးမျိုးဖြစ်ပါသည် ပဲအခွံမာ၍ အရောင် တောက်ပြောင်ပါသည် အရောင်မှာ ကာကီဖျော့ရောင်၊ အညိုဖျော့ရောင် မြင်းချေးစိမ်းဝါရောင် ဝါညိုရောင် တွေ့ရပါသည် .ရာသီဥတု ကိုင်းမြေ ကျွန်းမြေ ယာမြေ များတွင် စိုက်ပျိုးကြသော ဆောင်းသီးနှံ ဖြစ်သဖြင့် အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးနိူင်ပါသည် ရာသီလိုက်သောမျိုး(သက်ကြီး)များအား ဖေဖော်ဝါရီ လ တွင်ရိတ်သိမ်းနိူင်ပြီး သက်ငယ်မျိုးများမှာ သက်တမ်းအလိုက် ရိတ်သိမ်းနိူင်ပါသည် ပဲယဉ်းသည် အခြားမတ်ပဲ ပဲတီစိမ်း ပဲလွန်းဖြူတို့နှင့် နှိုင်းယှဉ်လျင် အသက်ရက် (10-15)ရက်ခန့် ပိုရှည်သဖြင့် ဆောင်းသီးနှံ၌ အောက်တိုဘာလ အတွင်း အကောင်းဆုံး ဖြစ်ပြီး နိူဝဘာင်္လ အတွင်း စိုက်ပျိုးပါလျင် အထွက် လျော့နည်းနိူင်သည်ကို သတိပြုရန်လိုပါတယ် မြစ်ရေဝင်ဒေသများ၌ မြစ်ရေကျချိန်တွင် စက်တင်ဘာ အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြပါသည် .မျိုးကွဲများ လက်ရှိအချိန်တွင် စိုက်ပျိုးလျက်ရှိကြသောမျိုးများမှာ 1.ရိုးစိမ်း(သက်ကြီး) 2.ရိုးစိမ်း(သက်ငယ်) 3.ရိုးနီ တို့ ဖြစ်ကြပါသည် ပဲယဉ်းစိုက်ပျိုးလိုသူများအနေဖြင့် မိမိစိုက်ပျိုးမည့်ဒေသနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါသည် .စိုက်ပျိုးနည်းစနစ် အခြားပဲမျိုးစုံများကဲ့သို့ ထွန်ယက်မှု ပုံစံဖြင့် ထွန်ယက်၍ ကြဲပက်စနစ် စိုက်ကြောင်းဆွဲခြင်းများ ပြု၍ စိုက်ပျိုးနိူင်ပါသည် သဲဆန်သောမြေများတွင် တစ်ဧကလျင် (4)ပြည်နှုန်း ကိုင်းကျွန်းမြေ တနယ်မြေစေးများတွင် တစ်ဧကလျင် (8)ပြည်နှုန်း အသုံးပြုကြပါသည် ပဲယဉ်းသည် ခြုံဘုတ်မျိုးဖြစ်ခြင်းကြောင့် မျိုးနှုန်း မြင့် စိုက်ပျိုးခြင်းမပြုရန် သတိပေးလိုပါတယ် .ပြုစုထိမ်းသိန်းခြင်း ပဲယဉ်းသည် အကြမ်းခံသည်ဟု ဆိုနိူင်သော်လည်း ပိုးမွားရောဂါကျရောက်မှု ရှိနေမှာပါ အပင်ငယ်စဉ်မှစ၍ အသီးရင့်မှည့်ချိန်အထိ ပြုစုစောင့်ရှောက်မှု ပြုရန်လိုပါသည် ခြုံဘုတ်မျိုးဖြစ်ခြင်းကြောင့် အပင်ပန်းပွင့်ချိန် အသီးရရှိရန် အတွက် ဂရုပြုရန်လိုအပ်ပါသည် ပထမ ပွင့်လာသော အပွင့်များအား အသီးအဖြစ်ရရှိရန် မဆောင်ရွက်နိူင်ပါလျင် အပင်ကြီးထွားမှုဘက် အလေးသာသွားနိူင်ပြီး အပင်သက်တမ်း ကြာရှည်သွား နိူင်သည်ကို သတိပြုရန် လိုအပ်ပါသည် ထို့ပြင် အဓိကပိုးမွားများဖြစ်သော ပွင့်ထွေးရွက်ထွေး လှေး နှင့် မှိုရောဂါ များကြောင့် အသီးတင်ရှိရန်အတွက် ငွေကြေးကုန်ကျစရိတ် နှင့်အခက်အခဲများစွာ ဖြစ်စေနိူင်သဖြင့် ပိုးမွားရောဂါကျရောက်မှုအား မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုအပ်ပါသည် .ပိုးမွားရောဂါ ပဲယဉ်းတွင် အဓိက ကျရောက်သော ပိုးမွားရောဂါများမှ ♦.ငမြောင်တောင်(Armyworm) ♦.လှေး(Trip) ♦.အစက်အပျောက်ပဲတောင့်ထိုးပိုး(Spotted pod borer)(ခ)ပွင့်ထွေးပိုး (Maruca) များဖြစ်ပါသည် ပွင့်ထွေးပိုး သည် ကုလားပဲမှလွဲ၍ ပဲမျိုးစုံတွင် ကျရောက်ဖျက်စီးရာ အဖူး အပွင့် အသီးသီးချိန်တွင် ကျရောက်တတ်ပြီး အရွက် အဖူး အပွင့် အသီးနူတို့ကို လောက်ကောင်၏ ပါးစပ်မှထုတ်ယူသော ချည်မျင်ဖြင့် လုံးထွေးဖျက်စီးခြင်း သီးတောင့်ထဲမှအစေ့ကိုစားခြင်း စသည်တို့ဖြင့် ဆိုးရွားစွာကျရောက်ဖျက်စီးတတ်ပါသည် ထိုပိုး၏ ဘဝစက်ဝန်းမှာ ဖလံမသည် ဥများကို တစ်လုံးချင်း အညွန့် အဖူး အပွင့် အသီးတောင့်များပေါ်၌ ဥပေါင်း (200-500)ခန့်အထိ ဥချပြီး ဥဘဝတွင်(4-5)ရက် အဖျက်အဆီးများသော ပိုးလောက်ကောင်ဘဝတွင် အဆင့်(5)ဆင့်ရှိပြီး (2)ပါတ်ခန့်ကြာပါသည် ရုပ်ဖုန်ဘဝတွင်(1)ပါတ် အကောင်ကြီးဖလံဘဝတွင် (1)ပါတ် ကြာနေထိုင်ပါသည် ရောဂါအနေဖြင့် အပင်ထူထပ်မှုကြောင့် ဖားဥမှိုရောဂါ (Powdery midew) ကျရောက် ဖျက်ဆီးမှုများပြီး အခြားမှိုရောဂါများအား သတိပြုရန် လိုအပ်ပါသည် ရိတ်သိမ်းခြင်း ပဲယဉ်း တွင် သက်ကြီးမျိုးများအား ဖေဖော်ဝါရီ နောက်ဆုံးပါတ် သက်ငယ်များ၏ သက်တမ်းမှာ (100-120)ရက်ခန့်ဖြစ်၍ စိုက်ပျိုးချိန် အလိုက် ရင့်မှည့်မှုရှိပြီး အထွက်နှုန်း(12-30)အထိ ထွက်ရှိနိူင်ပါသည် #credit
ဆက်စပ်မေးခွန်းများ
ပဲယင်းစိုက်ပျိုးနည်းလေး တင်ပေးပါ
ဖြေကြားချက် 1 ခု
ပဲယင်း အပင်ပုမျိုး စိုက်ပျိုးနည်း ရိတ်သိမ်းချိန်အထိပြုစုပျိုးထောင်နည်းလေးသိချင်ပါတယ် ဖြေပေးကြပါအုံးရှင်
ဖြေကြားချက် 2 ခု
မိုးနှောင်းစိုက်ချင်ပါတယ် ဘယ်လပိုင်းလောက်စိုက်ရင်ကောင်းလဲ မသိလို့ပါ
ဖြေကြားချက် 1 ခု
ပဲယင်းစိုက်မှာပါ မစိုက်ခင်ဘာမြေခံတွေခံသင့်လဲခင်ဗျာ့ စိုက်ပျိုးပီးရင်လဲဘာတွေသုံးရလဲ စျေးကွက်အခြေအနေရောကောင်လား...
ဖြေကြားချက် 3 ခု
ပဲယင်းနီက စွပ်ပဲလား နုတ်ပဲလားခင်မျာ စိုက်ချင်လို့ပါ။
ဖြေကြားချက် 0 ခု