ဖြေကြားချက် ၄ ခု
ကွမ်းပင်ခြေပုပ်ရောဂါကိုဘယ်ဆေးကိုသုံးရပါသလဲကျေးဇူးပြု၍ဖြေပေးပါ
ကွမ်းမစိုက်မှီမြေစိုက်ဘောင်တွင်မြေခံမြေသြဇာထည့်သင့်ပါသလား
ဆေးများကိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ပင်ခြေပုပ်ရောဂါ ဒေါင်းမြီးကွက်ရောဂါ (PHYTOPHTHORA LEAF SPORT) ပင်ခြေပုပ် ဒေါင်းမြီး ကွက်ပြောက်ရောဂါသည် Phytopthora palmivora ကြောင့် ဖြစ်ပွားပါသည်။ ဤရောဂါသည် မိုးရာသီတွင် ဆိုးရွားစွာ ဖြစ်ပေါ်တတ်ပြီး နွေရာသီတွင် ဖြစ်လေ့ဖြစ်ထ မရှိချေ။ ရောဂါပိုးသည်ရောဂါရ ပင်ကြွင်းပင်ကျန်များတွင်လည်းကောင်း၊ မြေထဲတွင် လည်းကောင်း၊ ခိုအောင်း၍ ကွမ်းပင်အသစ်များကို ရောဂါဖြစ်စေသည်။ အချို့သောပေါင်းပင်များသည် ဤရောဂါဖြစ်စေသော လက်ခံလွှဲပင်များ ဖြစ်တတ်သည်။ ရောဂါလက္ခဏာ ပင်ခြေပုပ် ဒေါင်းမြီးကွက်ရောဂါကို ဒေါင်းမြီးကွက်ရောဂါဟု လူသိများသည်။ ပင်ခြေပိုင်း၊ ပင်ပေါ် အပိုင်းတွင်ရောဂါဖြစ်လေ့ရှိရာ ပင်ပေါ်ပိုင်း အရွက်များတွင်ရောဂါလက္ခဏာ အနာကွက်များကို မြင်သာသောကြောင့်ဒေါင်းမြီးကွက်ရောဂါဟု အမည်တပ်ကြခြင်း ဖြစ်သည်။ ယင်းအနာကွက်များသည် ရွက်သားများတွင် ဖြစ်ပေါ်ခြင်းထက် ပင်မရွက်ကြောများ တစ်လျှောက် လျင်မြန်စွာ တိုးချဲ့ပြန့်ပွားသွားသည်။ စိုလိုက်၊ခြောက်လိုက်ရာသီများတွင် အနာကွက် အတွင်း၌ အညိုရောင် ဗဟိုတူ စက်ဝိုင်းအရစ်သဏ္ဍာန်များ ဖြစ်ကာ တွန့်သွားပြီးဖောင်းကြွ ထင်ရှားလာသည်။ ထို့ပြင် အရောင်ရင့်များ ဖြစ်ပေါ်လာကာ အရစ်များ ထင်ရှားလာသည်။ ဒေါင်းမြီးကွက်ကဲ့သို့ သဏ္ဍာန်တူ၍ဒေါင်းမြီးကွက်ရောဂါဟု လူသိများခြင်း ဖြစ်သည်။ အရွက်အထက်ပိုင်းသို့ ပြန့်နှံ့လာသကဲ့သို့ ရွက်ရိုးတံပင်စည်တို့ကိုပါ ကူးစပ်ပြန့်နှံသွားသည်။ ဤသို့ဖြင့် အရွက်၊ ရိုးတံ၊ ပင်စည်များဆွေးပုပ်သွားသည်။ အပေါ်ပိုင်းအရွက်များတွင်ရောဂါစကျပါက တစ်ပင်လုံးရောဂါ ပျံ့နှံ့သွားနိုင်သည်။ ပင်ခြေပိုင်းတွင်လည်းရောဂါပိုး တိုက်ခိုက်လေ့ရှိသည်။ အထူးသဖြင့်မြေနှင့် တစ်ပြေးညီရှိ ပင်စည်နှင့် မြေပြင်အောက်နားပင်စည်၌ ရောဂါကျရောက် တိုက်ခိုက်လေ့ရှိသည်။ ရှေးဦးစွာရောဂါကျရောက်တတ်သော နေရာတွင် ရေစိုနာကွက်ကဲ့သို့ အညိုရောင်အကွက် စတင်ဖြစ်ပေါ်လေ့ရှိသည်။ အကွက်သည် ပင်စည် တစ်ပတ်လည် ဖြစ်ပေါ်တတ်သည်။ မကြာမီ အမည်းရောင်သို့ပြောင်းသွားပြီး အပင်ပေါ်ပိုင်းလည်း ညှိုးနွမ်းငိုက်ကျလာကာ အရွက်များတွန့်ရှုံ့၍ အပင်လည်းသေသွားသည်။ ပင်ခြေပိုင်းဆွေးပုပ်ပြီး အမြစ်များသည် ပျက်စီးကုန်သဖြင့် အလွယ်တကူ နှုတ်ယူနိုင်သည်။ အပင်သေဆုံးချိန်တွင် ညိုမည်းကွက်သည် ပင်စည်အပေါ်ပိုင်း (၃-၄) ဆစ်အထိပင် ကူစက်ပျံ့နှံ့နေသည်ကိုတွေ့ရသည်။ အမြစ်များကိုရောဂါစတင် ကူးစက်ကျရောက်ပါကရောဂါပိုးသည် ပင်စည်ရှိ အစာရေကြောစီးအတိုင်း အပေါ်သို့ တက်လိုက်လာသည်။ အမည်းရောင်အကွက် ကျယ်ပြန့်လာသည်နှင့်အမျှ အစာရေကြောစီး အများအပြားသေဆုံးကုန်ပြီဖြစ်၍ အပင်လည်းသေဆုံးရခြင်း ဖြစ်သည်။ ဤရောဂါ ဖြစ်စေသောမှိုသည် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်တွင် အကောင်းဆုံးကြီးထွားပြီး (၄၈) ဒီဂရီ စင်တီဂရိတ်တွင်သေဆုံးကြသည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါကျရောက်၍ ပျက်စီးသွားသော ကွမ်းခြံမှ ပင်ကြွင်းပင်ကျန်များ အမြစ်များကို စုပုံ၍ မီးရှို့ဖျက်စီးပစ်ပါ။ ပာကျသည်အထိ မီးရှို့ရမည်။ ၂။ ရောဂါကျ ကွမ်းခြံစိုက်ကွင်းမြေပြင်တစ်ခုလုံးကိုကောက်ရိုး၊ မြက်ခြောက်များ ဖုံးအုပ်၍ မီးရှို့ဖျက်စီးပစ်ပါ။ ၃။ ရောဂါကျ ဖျက်စီးခံရသောမြေကွက်တွင် နောက်ထပ်ကွမ်းမစိုက်ဘဲ မြေလှပ်ထားရမည်။ သို့မဟုတ် အခြား သီးနှံစိုက်ပျိုးရမည်။ ၄။ ကွမ်းစိုက်ခြင်း အသစ်ပြုလုပ်မည်ဆိုပါကဘော်ဒိုဆေးရည် (၅း၅း၅၀) ဆေးရည်ကို (၁၀x၁၀) ပေ တစ်ကွက်လျှင်ဆေးရည်(၁၀) ဂါလန်နှုန်း ပက်ဖျန်းလောင်းပေး၍မြေကို နှပ်ထားပါ။ ၅။ စိုက်ပျိုးမည့် ကွမ်းမျိုးညွန့်များကိုရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် (၂း၂း၅၀) ဘော်ဒိုဆေးရည်တွင် (၂) မိနစ်ခန့် စိမ်ပြီးမှ စိုက်ပျိုးပါ။ ၆။ စျေးကွက်တွင် ရနိုင်သော မန်ကိုဇက် (Mancozeb) ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။ ၇။ ဘော်ဒိုဆေးရည် (၂း၂း၅၀) ကိုကွမ်းပင်များ စိုက်ပျိုးပြီး အပင်လှန်သည့်အချိန်(၁၅) ရက်ကြာတွင် တစ်ကြိမ်၊ မိုးရာသီ မဝင်မီ တစ်ကြိမ်၊ ဇွန်လမှ စ၍ တစ်လ တစ်ကြိမ်နှုန်းဖြင့် စက်တင်ဘာလအထိ ပက်ဖျန်းပေးပါ။ ၈။ ကွမ်းခြံအတွင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။ ၉။ မိုးရာသီတွင် ကွမ်းခြံအတွင်း လေဝင်လေထွက်ကောင်းရန် စီစဉ်ဆောင်ရွက်ပေးပါ။ ၁၀။ ယူရီးယား ဓာတ်မြေဩဇာကျွေးခြင်းကိုလျော့ချ ကန့်သတ်ပါ။ ၁၁။ ဘေးသားတက်များ ပင်ခြေသို့ အုပ်မနေစေရန်အပေါ်သို့ထောင်၍ စည်းချည်ပေးပါ။ ၁၂။ ကွမ်းပင်မှအောက်ခြေ အရွက်များ ရှင်းလင်းခူးပစ်ပါ။ ၁၃။ နေ့စဉ် စစ်ဆေးပြီးရောဂါရ အရွက်ကို ခူးယူပြီးနောက် မီးရှို့ဖျက်စီးပစ်ပါ။ ပြီးလျှင်ဆေးဖျန်းပါ။ ကျန်ရောဂါတွေအကြောင်း အသေးစိတ်ကို ပေးထားတဲ့ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။ ကွမ်းပင်တွင် ကျရောက်တတ်သောရောဂါများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းရိုးမဲမကျအောင် မြေကြီကိုဘယ်လိုပြုပြင်သင့်သလဲဗျ
ဖြေကြားချက် 1 ခု
အပင်မသန်
ဖြေကြားချက် 0 ခု
ကွမ်းစိုက်ပြီးတာ၃လလောက်ရှိပြီ ဒီလိုတွေဖြစ်နေလို ဘာဆေးသုံးရမလဲခဗျာ ?
ဖြေကြားချက် 3 ခု
ကွမ်းအညွှန့်ဖြတ်သားဖမ်းနည်းလေးသိချင်လိုပါဗျား ယာကွမ်းစိုက်ပေါ့ စလင်းပိတ်မထွင်ချင်လိုပါ
ဖြေကြားချက် 10 ခု
ကွမ်းစိုက်နည်းလေး သိချင်လို့ပါဗျ
ဖြေကြားချက် 3 ခု