ဖြေကြားချက် ၅ ခု
အရွက်မှာနှင်းရည်စိုနေရင်မဖျန်းသင့်ပါဘူး ကိုယ်ဖျန်းလိုက်တဲ့ဆေးက အဲ့ဒီရေတွေနဲ့အတူ လျှော ကျသွားမှာပါ ဒါကြောင့် မနက်ခင်းဖျန်းတာကောင်းပေမယ့်အခြေအနေအချိန်အခါကိုကြည့်ပြီး လိုက်ပြောင်းနိုင်ပါတယ် မနက်ခင်းပေမယ့် လေအရမ်းထန်နေတာမျိုး မိုးတွေရွာနေတာမျိုး ဆိုရင်လည်း မဖျန်းသင့်ပါဘူး ဖျန်းပြီးရင်လည်း မိုးလွတ်အောင် ရေမထိအောင် ဂရုစိုက်ရမှာပါ တကယ်လို့ မိုးမိသွားရင်တော့ ပြန်ဖျန်းရမှာပါ ဒါကြောင့် မဖျန်းခင် ရာသီဥတု အခြေအနေကို သေချာခန့်မှန်းတွက်ဆပြီးမှ ဖျန်းသင့်ပါတယ်
အရွက်စိုနေရင်တော့ မဖျန်းသင့်ပါဘူး။ရွက်ဖျန်းမှိုသတ်ဆေးတွေသုံးဖို့ အကောင်းဆုံးအချိန် စာတန်းလေးဖိလေ့လာပေးပါ။အသေးစိတ်ရှင်းပြထားပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မုန်တိုင်းထွက်ပြီလားဗျ
ဖြေကြားချက် 3 ခု
ကျွန်တော့်ချဉ်ပေါင်တွေပုံထဲကအတိုင်းဖြစ်နေတာဘာလိုလုပ်ကမလဲဆရာတို့အလင်းပြပါအုံး
ဖြေကြားချက် 1 ခု
ပျွန်တော့်ချဉ်ပေါင်ပင်တွေအရွက်တွေကုတ်ပြီးဝါကုန်တာဘာကြောင့်ပါလဲဗျ
ဖြေကြားချက် 2 ခု
အပင်ကြီးထွားအောင်လုပ်နည်းလေ
ဖြေကြားချက် 0 ခု
ဒါဘာပိုးလဲဗျချဉ်ပေါင်ရွက်မှာတက်နေတာအများကြီးပဲအပင်လေးတွေလည်းခါးကရိပျက်ကုန်ပြီဘာဆေးသုံးရမလဲအကြံပေးပါအုံးဆရာသမား...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ