ဖြေကြားချက် ၄ ခု
ပြန်လည်ဖြေကြားပေးပါ
စပယ်ပန်းပွင့်ကြာရှည်အထားခံအောင် ဘယ်လိုလုပ်ရမလဲ
than u bro....
ဘွန်ဆိုင်းပင်ကို မျိုးစေ့ (သို့) ကိုင်းဖြတ်စ နှစ်မျိုးလုံးမှ စိုက်ပျိုးနိုင်ပါတယ်။ သို့သော်လည်း အကောင်းဆုံး နည်းလမ်းကတော့ ကိုင်းဖြတ်စ/ ပျိုးပင်/ (သို့) ဘွန်ဆိုင်းအပင်ပေါက် (အပင်ငယ် အဖြစ် စိုက်ပျိုးပြီးတဲ့အပင်) ကနေ စိုက်ပျိုးခြင်း ဖြစ်တယ်။ အပင်ငယ် အဖြစ် စိုက်ပျိုးပြီးတဲ့ အပင်တွေကို ဝယ်ယူရရှိနိုင်သော်လည်း ဒီနေရာမှာတော့ နည်းလမ်း နှစ်မျိုးလုံးကိုဖော်ပြပါမယ်။ မျိုးစေ့မှ စိုက်ပျိုးခြင်း • ပထမဆုံးအနေ နဲ့ရေဆင်းကောင်းစေတဲ့ ကျောက်ခဲကြမ်း အလွှာ တစ်ခုကို အပင် ထည့်စိုက်မယ့် ပုံးထဲ ထည့်ပါ။ • ထို့နောက် စိုက်ပျိုးမည့်မြေသား အဖြစ် ဘွန်ဆိုင်းမြေသား (စံမြေသား) ကို ထည့်ပါ။ • ယုံကြည် စိတ်ချရတဲ့ဈေးဆိုင်/ ပျိုးခင်းကနေ ဘွန်ဆိုင်းပင် မျိုးစေ့များ ဝယ်ပါ။ သင်စိုက်ပျိုးမည့် အပင်ပေါ် မူတည်ပြီး အချို့မျိုးစေ့တွေကို အခွံချွတ်ပေးဖို့ လိုအပ်ပါတယ်။ • အရည်အသွေးကောင်းမွန်တဲ့ ဘွန်ဆိုင်း မျိုးစေ့တွေကို ဝယ်ယူပြီးနောက် မြေဆီလွှာထဲကို ထည့်သွင်းပါ။ မျိုးစေ့ တစ်ခုနဲ့ တစ်ခု ကြားမှာနေရာလွတ် အနည်းငယ် ထားပါ။ • စိုက်ပျိုးမည့်မြေသား အတွင်း မျိုးစေ့တွေ ထည့်သွင်းပြီးတဲ့နောက် ဘွန်ဆိုင်းမြေသားကို အပေါ်ယံအလွှာအဖြစ် ၂ စင်တီမီတာလောက် ဖြည့်ပေးပါ။ • မြေကြီး အသားကျစေရန် မြေကို လက်ချောင်းများဖြင့် အနည်းငယ် ဖိသိပ်ပေးပါ။ • နောက်ဆုံး အဆင့်အနေနဲ့ မျိုးစေ့များ အညှောင့်မပေါက်မချင်းမြေကြီး အစိုဓာတ် ရှိနေစေရန် ရေပုံမှန်လောင်းပေးပါ။ အပင် စတင်ကြီးထွားလာလျှင် တစ်ရက်ခြား တစ်ခါရေလောင်းပါ။ ကိုင်းဖြတ်စမှ စိုက်ပျိုးခြင်း • ပထမဆုံး အနေနဲ့ ရေဆင်းကောင်းစေတဲ့ ကျောက်ခဲကြမ်း အလွှာတစ်ခုကို အပင်ထည့်စိုက်မယ့် ပုံးထဲ ထည့်ပါ။ • ထို့နောက် စိုက်ပျိုးမည့်မြေသားအဖြစ် ဘွန်ဆိုင်းမြေသား (စံမြေသား) ကို ထည့်ပါ။ • မူရင်း ဘွန်ဆိုင်းပင်မှ ကိုင်းဖြတ်စ အဖြစ် အသုံးပြုလို့ ရနိုင်မည့် အကိုင်းအချို့ကို ကိုင်းဖြတ်ပါ။ • အပင် အကိုင်းအခက်များကို ကိုင်းဖြတ်ရာမှာ ဓားထက်ထက်ကို သုံးပြီး ၄၅ ဒီဂရီ စောင်း ဖြတ်ပါ။ • ကိုင်းဖြတ်စများကိုမြေကြီးထဲ ၂ စင်တီမီတာ အနက်ခန့် မြုပ်ပါ။ • မြေကြီး စိုစွတ်မှု ရှိစေရန် ရေချက်ချင်းလောင်းပေးပါ။ ကိုင်းဖြတ်စတွေ ကြီးထွားနိုင်ဖို့ အစိုဓာတ်ကို ထိန်းသိမ်းထားပါ။ ပုံမှန်အားဖြင့် ကိုင်းဖြတ်စတွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း ကြီးထွား လာပါတယ်။ ဘွန်ဆိုင်းပင်စိုက်ပျိုးနည်းအပြည့်အစုံကိုတော့အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/bonsai
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စံပယ်ပင်တွေက အဖူးတွေရိပြီး အရွက်မှာ အဝါစက် တွေထွက်လာတယ်။ဘယ်လို ပြုပြင် ပေးရမလဲ သိချင်ပါတယ်။
ဖြေကြားချက် 2 ခု
လီလီပန်းမျိုးနေပြည်တော်တဝိုက်ဘယ်နားမှာရောင်းလဲဗျ
ဖြေကြားချက် 2 ခု
စံပါယ်ပင်ပေါက်လေးတွေပြန်ငြိုးပီးသေသေသွားတယ်ခင်ဗျာဘယ်လိုလုပ်ရမလည်း အပူရှိန်များလို့လား စက်ဖွဲပြာဖြူးထားတယ် အဲ့...
ဖြေကြားချက် 7 ခု
ဦးလှမင်း သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် စပယ်ပင်ကိုင်းဖြတ်စိုက်ရင်ဘယ်လိုနည်းနဲ့စိုက်ရင် အဆင်ပြေမဲ့...
ဖြေကြားချက် 2 ခု
အပင်ဆိုင်ဖွင့်ဖို့ ဘာတွေလိုအပ်မလဲဗျ ပိုးပင်ရော အလှပင်လေးတွေကော ရောင်းတဲ့ဆိုင်မျိုး
ဖြေကြားချက် 1 ခု