ဖြေကြားချက် ၁ ခု
ပိုးစာသီး(Mulberry ) ******************** (Credit) ပိုးစာသီး(blackberries)က strawberries, blueberries တို့လို ဘယ်ရီသီး တစ်မျိုးပါ။ သူ့အရသာက စိမ်းရင် ချဉ်သလောက် မှည့်လာတဲ့အခါ ချိုတယ်။အရည်ရွှမ်းတယ်။ကမ္ဘာ့မြောက်ပိုင်း သမဇုံတွေမှာ အများဆုံး တွေ့ရပါတယ်။ ပြင်ဦးလွင်မှာတော့ တနိုင်တပိုင် ခြံစိုက်ကြပါတယ်။သူ့ရဲ့ ကျန်းမာရေးအကျိုးပြုပုံတွေကြောင့် နိုင်ငံခြားကလူအများကြားမှာ ရေပန်းစားလာတဲ့ အသီးပါ။နိုင်ငံခြားမှာ စျေးကြီးပါတယ်။ ပိုးစာသီးအနီ၊ ပိုးစာသီးအမဲ ၊ ပိုးစာသီးအရှည်၊ ပိုးစာသီးအဖြူများကို တတိယ မျိုးဆက်သစ် အသီး(Third-Generation Fruit)ဟု တင်စားခေါ်ဝေါ်ကြသည်။ ၄င်းအသီးဖြင့် ထုတ်လုပ် သော ကုန်ပစ္စည်းများကို ၂၁ ရာစု၏ အကောင်းဆုံးသော သဘာ၀အစိမ်းရောင်ကျန်းမာရေး အထောက်အ ကူပြု စားသောက်ကုန်အဖြစ် သတ်မှတ်ထားကြကြောင်း သိရပါသည်။ ပိုးစာပင်သည် ယခုနှစ်များအတွင်း အရှိန်ဟုန်မြှင့် တိုးတက်လာသော သီးစားပင် မျိုးသစ် တစ်မျိုးဖြစ်သည်။ ပိုးစာသီးသည် ပိုးကောင်များကို မွေးမြူနိုင်ပြီး၊ အသီးလည်း ခူးဆွတ်နိုင်သည်။ ပိုးစာသစ်ကိုင်းသည် စားသုံးနိုင်သည့်မှိုများကို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမှုနည်းပညာမှာလည်း ရိုးရှင်း လွယ်ကူကြောင်း သိရသည်။ ပိုးစာသီးကို မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပြီး အစားအသောက်နှင့် ဆေးဝါးအဖြစ် နှစ်မျိုးလုံးအသုံးပြုနိုင်သည်။ အာဟာရဓာတ်ပေါကြွယ်ဝြခင်း၊ ချိုချဉ်အရသာရှိခြင်း၊ ရေငတ်ပြေခြင်း၊ ကိုယ်ခံအားကောင်းမွန်ခြင်းစသည့် အစွမ်းသတ္တိရှိများ ပါ၀င် သည်။ ပိုးစာသီးကို ဖျော်ရည်၊ ဂျယ်လီ၊ ယို၊ ပိုးစာသီးခြောက်၊ အရက်၊ လိမ်းဆေး၊ ရှာလကာရည် စသည့် အထူးထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်သည်။ ကဇော်ဖောက်ပြီး အရည်အသွေးကောင်းမွန် စွာ ထုတ်လုပ်ထားသည့် ပိုးစာသီးဝုိင်အနီတွင် ပိုးစာသီး၌ ပါ၀င်သော အာဟာရဓာတ်များကို မလျှော့နည်းစေရန် အမြင့်ဆုံးထိန်းသိမ်းပြုလုပ်ထားကြောင်း သိရသည်။ ပိုးစာသီးစျေးကွက်၏ အနာဂတ်အလားအလာ တိုးတက်ဖွံ့ဖြိုးမှုမှာ ကျယ်ပြန့်လှသည်။ တရုတ် နိုင်ငံ၏ ဒေသအတော်များများတွင် စိုက်ပျိုးထားကြောင်း သိရသည်။ ၄င်းအမျိုးအစားသစ်ပင်များမှာ အပင်ကားကား၊ ရိုးတံသွယ်တန်းရှည်လျားခြင်း၊ အသီးအပွင့်များခြင်း၊ အသီးကြီးခြင်း၊ ဆလင်ဒါ ပုံစံရှိပြီး အကြီးဆုံးအသီးသည် အလေးချိန် (၁၆) ဂရမ်ခန့် ရှိကြောင်း သိရသည်။ အသီး မှည့်ပြီးနောက် ခရမ်းနီရောင်မှ ခရမ်းမည်းရောင်သို့ ပြောင်းသွားပြီး အသီးမျက်နှာပြင်မှာ စိုစွတ် ၀င်းပပြီး အရောင်စိုခြင်း၊ လှပလင်းလက်ကာ ပုလဲနက်ကဲ့သို့ ရှိသည်။ ပိုးစာအအေးခံ အသီးနှင့် ထုတ် ကုန်အချောကိုင်ပစ္စည်းများ၏ ပို့ကုန်စျေးကွက်အလားအလာမှာလည်း ကျယ်ပြန့်လှသည်။ ၄င်းအပင်မျိုးသည် စိုက်ရလွယ်ကူခြင်း၊ ခုခံအားကောင်းခြင်း၊ ကြီးထွားမှုမြန်ခြင်း၊ အသီးသီးမှု စော ခြင်း၊ အကျိုးရလဒ်ကောင်းခြင်း၊ အသီးလှခြင်း၊ ခူးဆွတ်ကာလ ကြာရှည်ခြင်းတို့ကြောင့် လက်ရှိ သဘာ၀ခူးဆွတ်မှုဥယျာဉ်များ၏ဦးစားပေးစိုက်ပျိုးသော အပင်မျိုးဖြစ်သည်၊ တောင်တန်းနှင့် တောင် ကုန်းဒေသများတွင် စိုက်ပျိုးပါက တိုးတက်မှုအလားအလာကောင်းမွန်ရှိပြီး ချမ်းသာကြွယ်ဝစေ နိုင်သော စိုက်ပျိုးရေးစီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း သိရပါသည်။ ကျန်းမာရေးအကျိုးပြုပုံ ၁။antioxidant(ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ)တွေ အများကြီးပါလို့ ခန္ဓာကိုယ်ိကိုနုပျိုသွက်လပ် ကျန်းမာစေပြီး ရောဂါပေါင်းစုံ မှ ကာကွယ်ပေးပါတယ်။ အသီးလေးကသေးငယ်ပေမယ့် သူ့မှာ vitaminC,B complex,VitaminE,VitaminA,selenium,zinc,copperတွေပါပါတယ်။ ၂။အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ် ၃။ဗိုက်ကအဆီကို ကျစေပါတယ်။မိမိစားတဲ့ အစားအသောက်ထဲ နေ့စဉ်ဘယ်ရီသီး အနည်းငယ် စားသုံးပေးရင် ရက်၉၀အတွင်း ဗိုက်ကအဆီ သိသိသာသာ ကျပါတယ်။ ဗိုက်ကအဆီက နှလုံးရောဂါကို အဓိကဖြစ်စေလို့ နှလုံးရောဂါကို ကာကွယ်ပြီး ဖြစ်ပါတယ်။ ၄။ဆီးလမ်းကြောင်းက E.coliပိုးတွေဆီးအိမ်နံရံကို ချိတိဆက်မရအောင် တာဆီးတဲ့အတွက် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းမှ ကင်းဝေးစေပါတယ်။ ၅။VitaminA ။anthocyanosides ပမာဏ များတဲ့အတွက် အမြင်အာရုံကောင်းစေပြီး ရေတိမ်။ကြက်မျက်သင့်။အမြင်အာရုံကွယ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ၆။anthocyanin,selenium,vitaminA,Bcomplex,vitaminC,vitaminE,zinc,potassium, copper,magnesium,phosphorus,manganese တွေကြောင့် အာရုံကြောတွေ အားကောင်းစေပြီးဦးနှောက်ဆဲလ်တွေကို သေဆုံးခြင်းမှတာဆီးပြီး Alzhemer´sရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ၇။၀မ်းချုပ်ခြင်းမှ ကင်းဝေစေပါတယ် ၈။ကင်ဆာရောဂါ။နှလုံးရောဂါ။စိတ်ဓာတ်ကျ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ # Credit
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုပ်သီး စိုက်ပျိုးနည်းသိချင်လို့ပါ
ဖြေကြားချက် 2 ခု
မျိုးစေ့ဘယ်လိုစတင်စိုက်ပျိုးရမလဲ
ဖြေကြားချက် 1 ခု
ငရုတ်သီးပင်ဘယ်စစိုက်ပျိုးရမလဲ
ဖြေကြားချက် 2 ခု
အိုးထဲ့ သို့ မည်သို့ စိုက်ပျိုးရသနည်း
ဖြေကြားချက် 1 ခု
ငရုပ်ပျိူးမယ်စိုရင် ၃၀×၆၀ ပေလောက်မြေကွက်ကို စိုက်မယ်စို ငရုပ် ပျိူးပင် ဘယ်လောက် ပျိူးရမလည်းဗျ အစေ့ နိုဆီဘယ်န...
ဖြေကြားချက် 2 ခု