အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,577
လွန်ခဲ့သော ၅ နှစ် က · ခင်ဦး

နှမ်း​စေ့စုပ်ဂျပိုးကိုဘာ​ဆေးဖျန်းရမလဲလမ်းညွှန်​ပေးပါ

ပိုးမွှားရောဂါ နှမ်း နှမ်းစေ့စုပ်ကြမ်းပိုး

ဖြေကြားချက် ၂ ခု

80,436 လွန်ခဲ့သော ၅ နှစ် က
ဤအဖြေဖြင့် ပြေလည်

နှမ်းစေ့စုပ်ဂျပိုးကို ကာကွယ်နှိမ်နင်းနိုင်ဖို့ စိုက်ခင်းအတွင်း၊ စိုက်ခင်းပတ်ဝန်းကျင်မှာရှိတဲ့ ပေါင်းမြက် တွေကို ရှင်းလင်းပါ။ ဥအစုတွေကို ရှာဖွေဖျက်ဆီးပါ။ • ပိုးလောက်ကောင်နဲ့ အကောင်ကြီးတွေဟာ စုဝေးနေတာကြောင့် ရေပုံး ဒါမှမဟုတ် ရေခွက်ထဲကို အကိုင်းကို လှုပ်ခါပြီး ဖျက်ဆီးပစ်ပါ။ နှမ်းစည်းတွေကို ရိုက်ခါချပြီး နှမ်းစေ့တွေကို ခြွေလှေ့နေစဉ် ထွက်ကျလာတဲ့ နှမ်းစေ့စုပ်ဂျပိုးတွေကို တံမြက်စည်းလှည်းစုဆောင်းပြီး မြေမြှုပ်ပစ်ပါ။ • တမာပိုးသတ်ဆေး ၃၅%ကို ရေဖျော်ဆေးရည် (၄၅-၆၀) စီစီကို ရေ (၁) ဂါလံမှာ ရောစပ်ပြီး ပက်ဖျန်းပါ။ • ပင်လုံးပြန့်အာနိသင်ရှိတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းအသုံးပြုနိုင်ပါတယ်။

100,154 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ရှင့် နှမ်းစေ့စုပ်ဂျပိုးဆိုတဲ့အတိုင်း သူက နှမ်းစေ့တွေကို စုပ်ယူစားသောက်တာမလို့ သူကျတဲ့အချိန်က ရိတ်သိမ်းခါနီးအချိန်ပဲ ဖြစ်ပါတယ် ဒါ့ကြောင့် ဆေးဖျန်းပြီးစောင့်ဆိုင်းရမယ့် ၁၄ရက်ကိုချန်ပြီးမှ ဓာတုဆေးတွေကိုဖျန်းသင့်ပါတယ်။ စွတ်မဖျန်းသင့်ပါဘူးနော်။ အရင်ဆုံးလုပ်ရမှာက နှမ်းသီးတောင့်တွေမှာ ဂျပိုးမဥခဲ့တဲ့ ဥအစုတွေကို ဖျက်ဆီးပစ်ရမှာပါ နှမ်းသီးတောင့်တွေမှာ ဥကထွက်လာရင် အဆင်သင့် စားဖို့စောင့်ဆိုင်းနေတဲ့ သားလောင်းဖြစ်လာမယ့် ဥတွေရာနဲ့ချီပြီး ရှိပါတယ်။ ဒါ့ကြောင့် ဥမြုံတွေကို ဖျက်ဆီးပစ်တာက အတော်လေးထိရောက်ပါတယ် အချိန်တော့ကုန်တာပေါ့နော်။ ဒါပေမယ့်လည်း အဲ့လိုလုပ်လိုက်ခြင်းက လူတွေအတွက် ဓာတ်ကြွင်းအာနိသင်တွေ မကျန်တော့ဘူးပေါ့။ ဆေးဖျန်းချင်ရင်တော့ အဇာတီရက်တင်လို့ခေါ်တဲ့ တမာပိုးသတ်ဆေးကိုတော့ သုံးလို့ရပါတယ် အရမ်းကြီးဆိုးရွားနေတယ်လို့ထင်ရင်တော့ ကာတက်ဟိုက်ဒရိုကလိုရိုက် ဆေးကို ရိတ်မသိမ်းမီ ၁၄ရက်ခွာပြီးဖျန်းပေးပါရှင့် အော်ပြီးတော့ နှမ်းတောင့်တွေမှာ အစုလိုက်စားသောက်နေတဲ့ ဂျပိုးကောင်တွေကိုလည်း တစ်စုတစ်စည်းတည်း ဖမ်းပြီး ဖျက်ဆီးနိုင်ပါသေးတယ် သူတို့အလေ့အထအရ အမြဲ တစ်စုတစ်စည်းတည်း ရှိနေတတ်တော့ နှိမ်နင်းရတာ ပိုအဆင်ပြေပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။