ဖြေကြားချက် ၂ ခု
ဓာတုပိုးသတ်ဆေးကတော့ ပိုးကျရောက်မှသာဖျန်းသင့်ပါတယ်။စုပ်စားပိုးတွေကျတတ်ပါတယ်.သူတို့ကိုနှိမ်နင်းဖို့အတွက် ပင်လုံးပြန့်ဆေးကြိုတင်ဖျန်းနိုင်ပါတယ်။တမာဆေးဖျန်းပေးနိုင်ရင်တော့ပိုကောင်းပါတယ်။လူနဲ့ပတ်ဝန်းကျင်ကိုမထိခိုက်နိုင်ဘူးပေါ့။စုပ်စားပိုးများမှတဆင့်ဗိုင်းရပ်စ်ရောဂါဝင်ရောက်ပြီး နှမ်းဖိုရောဂါဖြစ်တတ်ပါတယ်။
နှမ်းကပန်းစပွင့်ချိန်မှာအရေးကြီးပါတယ်.မြေအစိုဓာတ်ရယ်,အာဟာရရယ်လုံလောက်မှုရှိရပါမယ်။နှမ်းပင်ရဲ့သဘောသဘာဝက ဆင့်ကဲဆင့်ကဲပန်းပွင့်တတ်တာမို့ ပန်းစပွင့်ချိန်မှာအပင်ဆက်လက်ရှင်သန်ဖွံ့ဖြိုးဖို့ရယ်,ပန်းတွေဖြိုင်ဖြိုင်ပွင့်ပြီးအသီးတင်ဖို့အတွက် ပုလဲ(ယူရီးယား)နဲ့လက်ချား (ဘိုရွန်)ကိုကျွေးပေးသင့်ပါတယ်.ဒါကြောင့်ပုလဲ+လက်ချားကို ၅ရက်တစ်ကြီမ်ရွက်ဖျန်းမြေသြဇာအဖြစ် တစ်ဧကဆေးဖျန်းပုံး ၅ပုံး..၆ပုံးဖျန်းပေးပါ။၃ကြိမ်ခန့်ဖျန်းပေးပါ။ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ၁၆ဇွန်းနဲ့လက်ချားမှုန့်၄ဇွန်းနှုန်းရောစပ်ပြီးဖျန်းပေးပါ။အပွင့်အသီးတွေအားကောင်းလာပါလိမ့်မယ်။
ဆက်စပ်မေးခွန်းများ
ဆောင်းနှမ်းစိုက်တာတစ်လကျော်ပြီ အားဆေး ပိုးသတ်ဆေး ဘာတွေလုပ်ဆောင်သင့်လဲဗျ...
ဖြေကြားချက် 8 ခု
ဘယ်ဆေးအသုံးပြုရမလဲအကြံပေးကြပါဦးခင်ဗျာ
ဖြေကြားချက် 1 ခု
နှမ်းပင်များကို အရွက်စားပိုး၊စုပ်စားပိုး စတဲ့ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ် ဖို့ ဆေးရွက်ကြီး ၊ တမာရွက် စတဲ့ သ...
ဖြေကြားချက် 1 ခု
အဖျားမှာပိုးအိမ်ဖွဲ့နေတယ် ပိုးဆေးခဏခဏ သုံးရလို့
ဖြေကြားချက် 1 ခု
နှမ်းခင်း ပိုးကျနေတာပက်လို့သင့်လားဗျ ရွက်စားပိုး။
ဖြေကြားချက် 2 ခု