ဖြေကြားချက် ၁ ခု
အစေ့မှ မျိုးပွားခြင်းအကြောင်းကို အကျဉ်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ့။ -ကောင်းစွာ ရင့်မည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ ပျော်သည် အထိထားရမည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ် ဆေး၍ မျိုးစေ့များ ထုတ်ယူ ရရှိနိုင်ပါတယ်။ မျိုးစေ့များ ကောင်းမွန်စွာခြောက်သွေ့အောင် အခန်းထဲတွင် ခုနှစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရပါမည်။ -ရရှိသော မျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူသောရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများ ထည့်၍ လက်မဝက် ပတ်လည်အကွက်များ အရာပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါတယ်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါမကျ ရောက်စေရန် အတွက် ပိုးသတ်ထားသောရေဖြင့် အစိုဓာတ် လိုအပ်မူပေါ် မူတည်၍ အနည်းငယ်စီသာ ပတ်ဖျန်းပေးရပါမည်။ အညှောက်ပေါက်ပြီး မျိုးသက် ၄၅−၅၀ ရက်ခန့်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါပြီ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ့
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီစိုက်ထားသာပါမြေကဒီလိုဖြစ်နေပါတယ် ဘာမြေသြဇာလိုအပ်သာလည်းသိချငိလို့ပါ
ဖြေကြားချက် 0 ခု
အမြစ်ထွက်ဆေး ပြုလုပ်ပုံပြောပြပေးပါ
ဖြေကြားချက် 1 ခု
Hydroponic nutrient management နဲ့ပါတ်သက်ပြီး မြန်မာစိုက်ပျိုးရေးပညာရှင်တွေရဲ့ပညာပေးဆောင်းပါးတွေ ထည့်သွင်းပေး...
ဖြေကြားချက် 1 ခု
အပင်သန်အသီးကြီးလှရန်
ဖြေကြားချက် 0 ခု
စတော်ဘယ်ရီအသီးပုတ်မှိုရောဂါကိုဘယ်လိုကာကွယ်ရမလည်းဗျာ
ဖြေကြားချက် 3 ခု