ခရမ်း ပင် ဘာရောဂါဖြစ်တာလဲခင်ဗျ ကျန် တဲ့ အပင်တွေ ရော ကူးဆက်ပျံ့ ပွားနိုင်ပါသလား ဘယ်လို ဆေးနဲ့ ကု နိုင် ပါသလဲ
ခရမ်းပျိုးတဲ့နည်းစနစ်လေးသိချင်ပါတယ်ကျေးဇူပြု၍ဖြေပေးပါ
ယင်ဖြူသည် ပင်ရည်ကိုစုပ်စားပြီး သီးနှံပင်ထဲသို့ တံတွေးအဆိပ်ကို ထိုးသွင်းသည်။ ယင်ဖြူ စုပ်စားခံရသောအပင်များတွင် ရောင်မညီကွက်ကြား ရောဂါကို ဖြစ်စေသည်။ ယင်ဖြူ ကျရောက်ပါက အရွက်အောက်ဘက်တွင် ဥများ၊ လောက်ကောင်များနှင့် အရွယ်ရောက်ကောင်များကို တွေ့ရသည် ။ တစ်ခါတစ်ရံ အရွက်၏ အပေါ်မျက်နာပြင်ပေါ်တွင် အရွယ်ရောက်ကောင်များကို တွေ့ရတတ်သည်။ ကာကွယ်နှိမ်နင်းခြင်း ၁၊ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ ၂၊ တမာပိုးသတ်ဆေးရည်များကို ဖြန်းပေးခြင်း၊ ၃၊ ငွေရောင် (သို့မဟုတ်)အလူမီနီယမ် ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးခြင်း ၄၊ အီမီဒါကလိပရစ်( Imidachloprid)၊ သိုင်ရာမီသောက်ဆင် (Thiamethozan) နှင့် ဒိုင်နိုတီဖျူရန်(Dinotefuran) စသော ဆေးများကို အသုံးပြု နိုင်သည်။
ကျွန်နော့်ကအဟာတစ်မျိုးမျိုးလိုအပ်လို့ထင်တယ်
ဗိုင်းရပ်စ်ရောဂါလက္ခဏာလို့ ယူဆရပါတယ်။ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါကတော့ ကုနိုင်တဲ့ ဆေးမရှိသေးပါဘူး။ တခြားအပင်တွေမကူးသေးခင် အပင်ကို နှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာမီးရှို့ဖျက်စီးပစ်တာအကောင်းဆုံးပါ။ စုပ်စားပိုးကတဆင့်ကူးစပ်တတ်တဲ့ ရောဂါဖြစ်တာမို့ စုပ်စားပိုးကိုနှိမ်နင်းတဲ့ ဆေးတွေနဲ့ စုပ်စားပိုးကို ကာကွယ်ပါ။ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်ဖျန်းပေးလို့လည်းရပါတယ်။
ဆက်စပ်မေးခွန်းများ
ဟင်းစားဇွန်းတစ်ဇွန်းက ဘယ်လောက်စီစီနှုန်းထားလဲဗျ
ဖြေကြားချက် 3 ခု
ခရမ်းပင် မျိုးစေ့ချထားတာ အပင်အသက်ဘယ်လောက်ရမှ ရွေ့စိုက်လို့ရတာလဲ သိချင်လို့ပါ
ဖြေကြားချက် 3 ခု
ခရမ်း ပင်က အညွန့်လေးတွေ ညှိုးနေပါတယ် ပုရွက်ဆိတ်တွေလည်း ကိုက်တယ် တချို့အပင်လေးတွေက အရွက်တွေ ဝါနေပါတယ် ဘာဆေးသုံး...
ဖြေကြားချက် 4 ခု
ခရမ််း
ဖြေကြားချက် 1 ခု
ခရမ်းသီးစိုက်တာမြေခံဘာထည့်ရမှာလဲ။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။