ဖြေကြားချက် ၁ ခု
လျော်ဖြူသည် အပင်ဖြစ်ထွန်းရန်အတွက် ခက်ခဲမှု မရှိနိုင်သော်လည်း အစေးထွက်ရှိရန် အစေးထုတ်ယူရန်မှာ အရေးကြီးပါတယ်။ လျော်ဖြူအစေး ထွက်ရှိရန် အဓိက မိတ်ဘက်ရာသီဥတုမှာ ပူအိုက်စွတ်စိုသော အခြေအနေရှိရန် လိုအပ်ပြီး လျော်ဖြူ ထုတ်ယူချိန်တွင် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်း တို့ကြောင့် အစေးထုတ်ယူမှုတွင် ယုတ်လျော့ခြင်း ပျက်စီးခြင်းများ ဖြစ်ပေါ်စေ၍ ထိုကာလများအား ရှောင်လွဲသင့်ပါတယ်။ ယေဘုယျအနေဖြင့် အလွန်အေးသောရာသီဥတု ရှိသော ဒေသများနှင့် တစ်နှစ်ပါတ်လုံးမိုးရွာသွန်းသော မိုးအလွန်များသော ဒေသများတွင် မစိုက်ပျိုးသင့်ဟုအကြမ်းဖျဉ်း ဆို၍ရပါမည်။ မြန်မာနိုင်ငံအတွင်းရှိ ထိုကဲ့သို့သော ဒေသများသည် အပင်ဖြစ်ထွန်း နိုင်သော်လည်း အစေးထုတ်ယူချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နိုင်ပါတယ်။လက်ရှိ လျော်ဖြူစိုက်ပျိုးနေသူ လေ့လာနေကြသူ အများစုကတော့ အောက်မြန်မာပြည်တွင် လျော်ဖြူမစိုက်သင့်ဟုပင် လက်ခံယုံကြည်နေကြပါတယ်။ လျှော်ဖြူစိုက်ပျိုးခြင်းနဲ့ပတ်သတ်တဲ့ ရေမြေရာသီဥတု၊စိုက်ပျိုးနည်းစသည့်အကြောင်းအရာအပြည့်အစုံကို အောက်ပါLinkများတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ လျော်ဖြူစိုက်ဖို့ မြေပြုပြင်မယ်ဆိုလျှင်ဖြင့်.... https://greenwaymyanmar.org/article/154708 လျော်ဖြူပင်နှင့် ရာသီဉတု https://greenwaymyanmar.org/article/147657 ကျေးဇူးတင်ပါတယ်ခင်ဗျာ့။
ဆက်စပ်မေးခွန်းများ
လျှော်ဖြူပင်စိုက်မလို့ပါ။ကျင်းထဲဘာထည့်ရမလဲ
ဖြေကြားချက် 1 ခု
လျှော်ဖြူပင် ၃လသားစစိုက်ပြီး၁လသားရပါပီ ကြီးထွားမှု့နဲ့ပိုးမွှား ကာကွယ်ပေးမဲ့နည်းစနစ်လေး သိချင်လို့ပါခဗျ
ဖြေကြားချက် 1 ခု
bonsai စိုက်မယ်ဆိုရင် ၎င်းအတွက်မျိုးစေ့သက်သက် ဝယ်လို့ရသလားခဗျာ။ ပြီးတော့ အဲ့ဒိလို စိုက်ရင်လဲ သတ်...
ဖြေကြားချက် 2 ခု
လျော်ဖြူကိုစိုက်ပျိုးရန်အတွက် လိုအပ်ချက်များ ဖြေကြားပေးစေလိုပါသည်။
ဖြေကြားချက် 1 ခု
ဆရာတို့ ခင်ဗျာ စိုက်ပျိုးရေးခြံများ လေ့လာလို့ရတဲ့နေရာများ လမ်းညွန်ပေးစေလိုပါတယ် ခင်ဗျာ
ဖြေကြားချက် 1 ခု