အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,289
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

လေးစားရပါသောလူကြီးမင်းများခင်ဗျာ မိုးစပါးသက်လတ်မျိုးနှင့်နွေစပါးသက်လျင်မျိုးကိုဘယ်လိုစပါးမျိုးကိုထည့်သင့်တယ်...

လေးစားရပါသောလူကြီးမင်းများခင်ဗျာ မိုးစပါးသက်လတ်မျိုးနှင့်နွေစပါးသက်လျင်မျိုးကိုဘယ်လိုစပါးမျိုးကိုထည့်သင့်တယ်ဆိုတာအကြံပြုပေးပါအုံးခင်ဗျာ့ ဒီဒေသမှာရှိတဲ့စပါးမျိုးကသက်ကြီးမျိုးများတော့ နွေစပါးအတွက်အဆင်မပြေလို့ပါ.....

စိုက်ပျိုး ဗဟုသုတ စပါး စပါးမျိုးများ

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

စပါးမှာ သက်တမ်းစပါး နဲ့ ရာသီးစပါး ရှိမှာပါ သက်တမ်းစပါဆိုတာ အသက်ရက်ပြည့်တာနဲ့ ရိတ်သိမ်းရမှာပါ ရာသီးစပါးဆိုတာ လ ရာသီ ရင့်မှည့်ချိန်မှ ရင့်မှည့်တာပါ သက်တမ်းစပါး ၁၃၅ ရက်ရှိတဲ့ စပါးမျိုး စိုက်ပြီးနောက် နွေစပး အောင်ရေရရှိမှုပေါ်မူတည်ပြီး အသက်ရက်တွက်ပြီး စိုက်နိုင်ပါတယ် ရွေးချယ်တဲ့အခါ ကိုယ့်ဒေသ ရေ မြေ ရာသီကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်သလို့ ထွက်လာတဲ့စပါး အချိန်နဲတပြေးညီ ရိတ်သိမ်းဖို့အတွက်လည်း စဉ်းစားရပါမယ်။ အသက်ကြီးစပါးဆိုတာထက် ရာသီးစပါး မဖြစ်ဖို့လိုပါတယ်။ နွေစပါး စစိုက်မယ့်ရက်နဲ့ မျိုးအသက်ရက်တွက်ချက်ပြီး သက်တမ်းစပါးရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။