အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Old Question
Old Question 7,314
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်မလဲ

ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ကျရောက်တဲ့လက္ဓဏာက ဆစ်ပိုး သေချာဖို့လိုပါတယ် ဂျပိုးနဲ့ ကျရောက်ပုံနဲ့ ဆင်တူလို့ပါ ကာကွယ်နည်းကတော့ နွေထယ်ရေး မဖြစ်မနေပြုလုပ်ရပါမယ် မြေခံ စက်ဖွဲပြာ တစ်ဧက တင်း ၂၀နှုန်း ထည့်ပြီး မျိုးပြောင်းလဲစိုက်ရပါမယ် မစိုက်မီ တစ်ကြီမ် ပင်ပွားထွက်ချိန် တစ်ကြိမ် မြေအောင်းပိုးသတ်ဆေးကို ထည့်ရပါမယ် ဆစ်ပိုး ဖလံ အမများကို မီးထောင်ခြောက်ဖြင့် ဖမ်းဆီးရပါမယ်။ ဆစ်ပိုးဥမှပေါက်လောက်ကောင်များကို စားတဲ့ ထရိုင်ဂိုဂါးမား နဂျီကောင် စိုက်ကွင်းအတွင်းလွတ်ပေးနိုင်ပါတယ်။ ဆစ်ပိုးဖလံများကို ဖမ်းယူ စားသေယက်တဲ့ ပုဇဉ်းကညာများကို စပါးခင်းအတွင်းရှိနေစေခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးခင်းတွေမှာ.ဆစ်ပိုး.ကြတာ၃ရာသီရှိပြီ မထမနှစ်ကလုံးဝပြတ်ဆီးသွားတယ် ယခုအချိန် ထိဆစ်ပိုးရှိနေသေးတယ်မျိုးပြုတ်...

ဖြေကြားချက် 1 ခု

မဂ်လာပါဆရာတို့ စပါခင်းတွေမှာ.ဆစ်ပိုး.နဲ့ရင်စိုင်ရတာ ၃ရာသီရှိပြီအရင်နှစ်ကလုံးဝပြတ်စီးသွားတယ် ယခုအချိန် ထိဆစ်...

ဖြေကြားချက် 1 ခု

ဆစ်ပိုးကျနေသောစပါးကိုဘယ်လိုလုပ်မလဲ .ရေကြာင့်လား လေကြောင့်လာ.းမြေကြောင့်လား

ဖြေကြားချက် 2 ခု

စပါးဆစ်ပိုး ကျရောက်ပုံနှင့်ဖျက်ဆီးမှုလက္ခဏာ ကာကွယ်ရမည့်အချက်အလက်များကို ဖြေကြားပေးစေချင်ပါသည်။ လေးစားစွာဖြင့်

ဖြေကြားချက် 2 ခု

ပျု ိုးခင်းမှာဆစ်ပိုးဥတွေတွေ့နေလို့ဘာဆေးပက်ရင်ကောင်းမလဲ

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။