စံပါယ်ပင်ကိုင်းတွေရှည်ပြီး ပိုးကျနေတယ် မြတ်လေးပင်လည်းပိုးကျပြီး အပွငိ့သေးပြီး အရွက်တွန့်နေတာ ဘာဆေးကျွေးရမလဲဗျ။...
စံပါယ်ပင်ကိုင်းတွေရှည်ပြီး ပိုးကျနေတယ် မြတ်လေးပင်လည်းပိုးကျပြီး အပွငိ့သေးပြီး အရွက်တွန့်နေတာ ဘာဆေးကျွေးရမလဲဗျ။ဆရာတွေ ဖြေပါအုံး
စံပါယ်ပင်ကိုင်းတွေရှည်ပြီး ပိုးကျနေတယ် မြတ်လေးပင်လည်းပိုးကျပြီး အပွငိ့သေးပြီး အရွက်တွန့်နေတာ ဘာဆေးကျွေးရမလဲဗျ။ဆရာတွေ ဖြေပါအုံး
စံပါယ်ကိုင်းတွေရှည်နေပါကကိုင်းဖြတ်ပေးပါ။ စံပယ်ရွက်များကို ကပ်ကြေးဖြင့် ညှပ်ပေးပါ။ အပင်ခြေ ပတ်ပတ်လည်ကို မြေဆွပေးရမည်။ စံပယ်က အလင်းရောင်ကြိုက်တယ်။ လောင်းရိပ်ကို ကြောက်တယ်။ စံပယ်ပင်အားလုံးကို အပင်ခြေပတ်ပတ်လည် အမြစ်နဲ့လွတ်အောင် ၁ပေကျယ် ၆”အနက် မြောင်းတူးပါ။ မြောင်းတူးလို့ရတဲ့မြေကြီးနဲ့ နွားချေး၊ ကြက်ချေးကို (၁-ပင်) တင်းတစ်ဝက်နှင့်ရောဖွေ၍ ဂျစ်ပဆန်ကျောက်မှုန်း နို့ဆီဗူး(၁ဗူး)၊ 15:15:15 ပတ်လည် N,P, K၊ ကွန်ပေါင်းမြေဩဇာ နို့ဆီဗူး(၁ဗူး)ထည့်ရောမွှေပြီး မြေအားလုံးကို မြောင်းထဲသို့အပြည့်ပြန်ထည့်ပါ။ ပြီးလျှင်အပေါ်ကနေ ကောက်ရိုးမြက်ခြောက်ပြန်ဖုံးပေးထားပါ။ ပြီးလျှင် ရေလောင်းရေသွင်း ပြုလုပ်ပေးပါ။ အရွက်များကို ဖော့စဖရပ်များများပါသော ကွန်ပေါင်းရွက်ဖျန်းမြေဩဇာနှင့် (၁)ကြိမ် ဖြန်းပေးပါ။
ဆက်စပ်မေးခွန်းများ
သစ်ပင်ကိုင်းကူး ရင်ဘာလိုအပ်လဲ
ဖြေကြားချက် 2 ခု
ကြံအရည်ညှစ်ပီးသားကြံအဖတ်တွေကိုစိုက်ခင်းထဲမှာ မြေသြဇာအဖြစ်ပြန်သုံးရင်ရနိုင်ပါသလားခင်ဗျာ.... တစိတ်လောက်ဖြေကြား...
ဖြေကြားချက် 2 ခု
လှလေခတ်လေပန်း ပျိုးပင်ဘယ်မှာရနိုင်လဲ ခင်ဗျ
ဖြေကြားချက် 0 ခု
အိမ်မှာစိုက်ထားတဲ့စံပါယ်ပင်လေးပါ အရွက်တွေမှာ အဲ့လိုပိုးလေးတွေတွေ့လို့ပါ ဘာလုပ်ရမလဲအကြံပေးကြပါရှင်
ဖြေကြားချက် 2 ခု
စံပါယ်ပင်တွေအရွက်တွေမှာဒါမျိုးတွေဖြစ်နေတာပါ အပင်ကလည်းရွက်နုလည်းမထွက်ကြီးလည်းမကြီးတော့ပါဘူး မှိုရောဂါလား ပိုး...
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။