အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၅ နှစ် က · ရေစကြို

ရှား​စောင်းလက်ပတ်ပင် စိုက်ပျိုးဖြစ်ထွန်းစေမည့် သဘာဝမြေသြစာဆပ်နည်း လမ်းညွှန်ပေးပါဦး ဆရာတို့။ မြေဆီလွှာက အပင်အ...

ရှား​စောင်းလက်ပတ်ပင် စိုက်ပျိုးဖြစ်ထွန်းစေမည့် သဘာဝမြေသြစာဆပ်နည်း လမ်းညွှန်ပေးပါဦး ဆရာတို့။ မြေဆီလွှာက အပင်အတွက် အရေးပါလို့ပါ ။

မြေဆီလွှာ ရှားစောင်းလက်ပတ်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

မိမိဒေသပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေနဲ့လုပ်နိုင်တဲ့သဘာဝမြေဆွေးလုပ်နည်းတစ်ခုတင်ပြပါ့မယ်။လုပ်နိုင်မယ်ဆိုရင် လုပ်ကြည့်ပါ။နွားချေး/ကြက်ချေး.(၅အိတ်). မြေဆွေး(၂အိတ်) ထင်းပြာ (၁အိတ်),စပါးခွံပြာ(၁အိတ်), ဖွဲနု (၁အိတ်),ပဲဖတ် (ပိဿာ ၂၀)နဲ့တင်လဲရည်/ထန်းလျက်ရည် (၅၀ သား..၁လီတာ) ကိုရောသမမွှေပါ..အစိုဓာတ်၄၀ရာခိုင်နှုန်းရှိစေရန် ရေ နည်းနည်းခြင်းထည့်ပြီးမွှေပေးပါ။ရောပြီးသားကိုလက်ဖြင့်ဆုပ်ကြည့်ပါကမြေလုံးမကွဲရင် အစိုဓာတ်၄၀%ရှိပါပြီ။ပြီးပါက မြေဆွေးပုံကို၁၈လက္မအထူဖြစ်အောင်ပုံပေးပါ.ဒုတိယနေ့တွင်မြေ ဆွေးပုံကို ရောသမအထက်အောက်မွှေပြီးအပုံကို ၁၂လက္မအထူဖြစ်အောင်ဖြန့်ပြီးပုံပေးပါ.တတိယနေ့တွင် ၆လက္မ,စတုတ္ထနေ့တွင် ၃လက္မ,ပဥ္စမနေ့တွင် ၁လက္မခွဲ အဆင့်ဆင့်ဖြန့်ပုံပေးပါ။ပထမနေ့နဲ့ဒုတိယနေ့တွေမှာမြေဆွေးအပုံကိုအဖုံးအကာနဲ့အုပ်ပေးပါ (မြက်ခြောက်/ပီနံအိတ်/တာလပတ်)။နောက်ရက်တွေမှာတော့အုပ်စရာမလိုတော့ပါ။မြေဆွေးမွရွလာပြီဆိုရင်သုံးလို့ရပါပြီ.တစ်ဧကမှာ ၃အိတ်မှ ၅အိတ်ထိသုံးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။