သင်ဘောပင်ကအဖူးဖူးပြီးမပွင့်ခင်ကြွေနေလို့အသီးမတင်ဘူးဖြစ်နေတယ် ဘာလုပ်ရမလဲး
နိုင်ငံခြားသင်္ဘောပင်မျိုးဆိုလျှင် မြန်မာပြည်တွင် စိုက်ပျိုးပါက အဖိုပွင့်မြုံတတ်ပါ၍ သင်္ဘောစိုက်ခင်းအတွင်း အဖိုပင်များရှိပါက မဖယ်ရှားပါနှင့်။ စိုက်ခင်းအတွင်းအစိုဓာတ်အရမ်းနည်းပါက ရေဖြည့်သွင်းပေးနိုင်ပါက ရေဖြည့်သွင်းပေးရမည်။ ယူရီးယား-၀.၁ အိတ်နှုန်းနှင့် ပိုတက်ရှ်နှင့် တီစူပါ-၂ အိတ်နှုန်း ကို(၂-၃)ကြိမ် ကျွေးပေးရမည်။ ဓာတ်မြေဩဇာကျွေးမည်ဆိုပါက အစိုဓာတ်လုံလောက်မှုရှိရမည်။ အစိုဓာတ်နည်းပါက ရေဝလင်အောင်လောင်းပေးရမည်။ အပင်စိုက်မယ့်တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီး ထုံးပေါ်မှာ မြေဆွေးလက်ငါးသစ်ခန့်ထည့်ပါ။ လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်စုပုံထားကြတဲ့ နှပ်ပြီးသားအချိုခြောက် အဖတ်တွေကိုယူ နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။ ပြီးလျှင်တွင်းထဲသို့ တစ်ထွာခန့် ထပ်ဖြည့်ပါ။ ၎င်;အပေါ်မှထပ်မံ၍မြေဆွေးအပြည့်ထည့်လိုက်ပြီး ပျိုးပင်ကိုစိုက်ပျိုးပါ။ ပျိုးပင်(၂ပေ)ခန့်ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ပြာမှုန့်၊ မီးသွေးမှုန့်တွေကိုအုံထားပေးပါ။ နံနက်စောစောနှင့်နေဝင်ပြီးချိန်၌ တစ်နေ့နှစ်ကြိမ် ရေမှန်မှန် လောင်းရပါမယ်။
ဆက်စပ်မေးခွန်းများ
သဘေ်ာပင် ပင်ခြေပုပ် သုံးသင့်သော ဆေး အကြံပေးပါ
ဖြေကြားချက် 0 ခု
သင်္ဘောပင်အသီးမတင်လို့ ဘယ်လိုပြုပြင်လုပ်ဆောင်ရမလဲခင်ဗျား။
ဖြေကြားချက် 1 ခု
သင်္ဘောအရွက်မှာ နူသလိုအကွက်တေဖြစ်နေတာ ဘယ်လိုလုပ်ရမလဲခင်ဗျ ဘာဆေးသုံးရမလဲ ပြောပြပေးပါ
ဖြေကြားချက် 3 ခု
သင်္ဘောပင်ပြတွေဆွဲနေလို့ထုံးပတ်ထားသာလဲမရဘူးဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 0 ခု
သင်္ဘောပင်ပြတွေဆွဲနေလို့ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။