အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,289
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

၁။စပါး မှာ ကျရောက်တဲ့ ဖြုတ်ပိုးကို ဇီဝနည်းနဲ့ ဘယ်လို ကာကွယ် နှိမ်နင်းနိုင်ပါသလဲ? ၂။ စပါးမှာ ကျရောက်တဲ့ ဖလံ ကို...

၁။စပါး မှာ ကျရောက်တဲ့ ဖြုတ်ပိုးကို ဇီဝနည်းနဲ့ ဘယ်လို ကာကွယ် နှိမ်နင်းနိုင်ပါသလဲ? ၂။ စပါးမှာ ကျရောက်တဲ့ ဖလံ ကိုဘယ်လိုကာကွယ်နှိမ်နင်း နိုင်ပါသလဲ?

ပိုးမွှားရောဂါ စပါး စပါးဖြုတ်ပိုး

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ဇီဝနည်းဖြင့်ဖြုတ်များကိုကာကွယ်နှိမ်နင်းခြင်း -စပါးကွင်းအတွင်းရှိ မိတ်ဆွေပိုးများအားထိန်းသိမ်းပေးခြင်း၊ -ပင့်ကူ, အစိမ်းရောင်မိတ်ဆွေ ဂျပိုး၊ မြေကျိုင်း၊ မိတ်ဆွေပိုးများလာစေရန် စပါးစိုက်ခင်းများ၏ ကန်သင်းများတွင် အဝါရောင်နှင့်အဖြူရောင်ပန်းပွင့်သည့် အပင်များစိုက်ပျိုးခြင်းစတာတွေကိုပြုလုပ်လို့ရပါတယ်ခင်ဗျာ့။ အလွယ်ကူဆုံးနည်းလမ်းကတော့ မီးထောင်ခြောက်ပြုလုပ်ခြင်း၊ ပေါင်းမြက်မရှိစေရ၊ ရေဆက်တိုက်သွင်းခြင်းရှောင်ပြီး ရေသွင်းရေထုတ်မှန်မှန်ပြုလုပ်ခြင်း၊ ယူရီးယားမြေသြဇာကိုအလွန့်အလွန်ကျွေးခြင်းကိုရှောင်ကြဉ်ရပါမယ်။ ဖလံကဘာဖလံအမျိုးအစားကိုသိချင်တာလဲခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။