ကျွန်မတို့နယ်က အချို့သော နွားများ အမွှေးရှည်ရောဂါများ ခံစားကြရပါတယ် ။ အမွှေးများ အလွန်ရှည်လျားလာပြီး အပူဒဏ်ကို...
ကျွန်မတို့နယ်က အချို့သော နွားများ အမွှေးရှည်ရောဂါများ ခံစားကြရပါတယ် ။ အမွှေးများ အလွန်ရှည်လျားလာပြီး အပူဒဏ်ကို သာမန်ပင်လျှင် မခံနိုင်ကြတော့ပါ ။ သိသိသာသာလည်း ပိန်လာပါတယ် ။ ကူးစက်မှုတော့ မရှိပါ ။ ခု ကျွန်မ၏ နွားတစ်ကောင် အမွှေးရှည်ရောဂါ ဝင်စ ပြုနေပြီဟု သံသယ ဝင်မိသောကြောင့် အဲဒါ ကာကွယ်လို့ ရနိုင်ပါသလားရှင့် သိသော မွေးမြူရေး လုပ်ကိုင်သူ ဗဟုသုတ ရှိသူများ ဖြေကြားပေးကြပါဦးရှင့် ။ ဆောင်းဝင်သောကြောင့် အမွှေးပြောင်းခြင်းမျိုး မဖြစ်နိုင်ပါ ။