ဖြေကြားချက် ၁ ခု
အုန်းစိုက်ပျိုးနည်းအကြောင်းကို စိုက်ပျိုးနည်းပညာ-စိုက်ပျိုးနည်းအခန်းကဏ္ဍတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ့။ အညှောက်ဖောက်မည့် အုန်းသီးသည် ကောင်းစွာရင့်မှည့်နေ၍ (၁၁ လ သားမှ ၁၂ လသားခန့်) လိုအပ်ပါသည်။ အရင့်မှန်သော အသီးများကိုသာ ခူးဆွတ်၍ ပျိုးပင်ဖောက်ရပါမည်။ အပင်မှခူးပြီးပြီးခြင်း အညှောက်မဖောက်ဘဲ အညှောက်ပေါက်မှုစောရန်နှင့် အညှောက်မှု ရာခိုင်နှုန်းများရန် လေဝင်လေထွက်ကောင်းပြီး နေဒဏ်မိုးဒဏ်မှ ကာကွယ်မှုရှိသောအရိပ်အောက်တွင် တစ်လခန့်ထားသင့်ပါသည်။ ထို့အပြင် အညှောက်မဖောက်မီ နှစ်ပတ်ခန့်ရေစိမ် ပေးထားလျှင် အညှောက်ပေါက်မှု ပိုကောင်းပါသည်။ ပျိုးပင်ဖောက်ရာတွင် အုန်းသီး၏ အညှာဘက်အား လွှဖြင့် တခြမ်းစောင်းဖြတ်၍ ၎င်းလှီးဖြတ်ထားသောအပိုင်းကို အပေါ်မှထားကာ တုံးလုံးလဲ၍ ပျိုးထောင်ရပါမည်။ ဤသို့ဖြတ်ပေးခြင်းအားဖြင့် အပင်ပေါက်နှုန်းကို မြန်စေပါသည်။ ဘေးစောင်း၍ ထောင်ခြင်းကြောင့် အမြစ်ထွက်၊ အပင်ထွက်မြန်ပြီး ပို၍ သန်စွမ်းကြောင်းတွေ့ရပါသည်။ သတိထားရန်လိုအပ်သည်မှာ နေရောင်ခြည် အပြည့်အဝ ရသောနေရာတွင်သာ ပျိုးထောင် သင့်ပါသည်။ ပျိုးထောင်ပြီး (၇) လကြာလျှင် ပြောင်းရွှေ့ စိုက်ပျိုးရန် သင့်တော်သော အနေအထားသို့ ရောက်ရှိပါသည်။ အုန်းစိုက်ပျိုးနည်းအပြည့်အစုံကို အောက်ပါLinkတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-coconut
ဆက်စပ်မေးခွန်းများ
အုန်းပင် စိုက်ချင်လို မြန်မြန်းသီးတဲ့ အုန်းပင်ရှိရင်ပြောပြပါလား
ဖြေကြားချက် 3 ခု
ယိုဒယားမျိုးအုန်းချိုမွေးက 3နှစ်ဖြင့်အသီး စသီးတယ်လို့ သိရပါတယ် အုန်းကြီးမျိုး(အုန်းနို့။မုန့်လုပ်သည့် အုန်း)က...
ဖြေကြားချက် 1 ခု
အုန်းပင်ကအသီးထွတ်လိုက်တိုင်းမကြီးဘူးခြောက်သွားတယ်ဘာဖြစ်လိုလဲဘယ်လိုလုပ်ရမှလဲ
ဖြေကြားချက် 2 ခု
ကျူးဘားအုန်းပင်တွေ အရွက်တွေဝါပြီးခြောက်ကုန်ပါတယ် ဘာဆေးကျွေးပြီးဘယ်လိုပြုစုသင့်ပါသလဲရှင့် လားရှိုးကပါ
ဖြေကြားချက် 1 ခု
အုန်းပင်စိုက်ပျိုးခြင်းနဲ့ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်းအတွက် ဈေးကွက်အခြေနေလေးသိချင်လို့ပါခင်ဗျ
ဖြေကြားချက် 1 ခု