အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၈ နှစ် က · မြောက်ဦး

ငရုပ် ကျောက်စိမ်းမျိုးကို ဘယ်လိုစိုက်ပျိုးရမလဲ သိရင်ပြောပေးကြပါခဗျာ

စိုက်ပျိုးနည်း ငရုတ်သီး ငရုတ်စိုက်ပျိုးနည်း
2

ဖြေကြားချက် ၂ ခု

580 လွန်ခဲ့သော ၈ နှစ် က

ဖတ်ပြီးရင်လုပ်ကြည့်မယ်

လွန်ခဲ့သော ၈ နှစ် က

ချဉ်လွန်းသောမြေသည် ငရုတ်စိုက်ရန် သင့်တော်ခြင်းမရှိပါ။ သဲဆန်၍ ရေသွင်းရေထုတ် ကောင်းမွန်ပြီး လေဝင်လေထွက်ကောင်းစွာ ပြုလုပ်နိုင်ပြီး သဘာဝမြေဆွေး များကြွယ်ဝသော မြေအမျိုးအစားသည် စိုက်ပျိုးရန် အသင့်တော်ဆုံးသောမြေဖြစ်ပါတယ်။ စိုက်ပျိုးရန် ထယ်ထိုးထွန်မွှေ သုံးကြိမ်မှ လေးကြိမ်ထိပြုပြင်ပါ။ ပြီးလျှင် မြေကိုညှိ၍ ရေစီးရေထွက်ကောင်းမွန်သော မြောင်းများထား၍ ဘောင်ဖော်ခြင်း သဘာဝမြေဆွေး နှင့် ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်အညစ်အကြေးကို တစ်ဧက လျှင် မစိုက်ပျိုးခင် နှစ်ပတ်စော၍ထည့်သွင်းပါ။ မြောင်းဖော်ခြင်းနှင့်စိုက် ဘောင်ဖော်ခြင်းကို နှစ်ပေစီခြား၍ ပြုလုပ်နိုင်ပါ။ ရက်လေးဆယ်ကြာ ပျိုးသက်ရှိသောငရုတ်ပင်များကို ရွေ့ပြောင်းစိုက်ပျိုးရာတွင် အမြစ်အုံမကွဲအောင်ဂရုစိုက်ရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။