အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၈ နှစ် က · ကြည့်မြင်တိုင်

သရက်သီးသီးလာအောင်organic fertilizer ဘာကျွေးရမလဲခင်ဗျာ

စိုက်ပျိုးနည်း သရက်
3

ဖြေကြားချက် ၃ ခု

116 လွန်ခဲ့သော ၇ နှစ် က
232 လွန်ခဲ့သော ၇ နှစ် က

နွားချေး ကြက်ချေး အပင်နဲ့ ၂ ပေအကွာ ကြင်းတူးပီးထည့်ပေး

လွန်ခဲ့သော ၈ နှစ် က

သဘာဝမြေဆွေး နှင့် ကောင်းစွာဆွေးမြေ့သည့်တိရစ္ဆာန်အညစ်အကြေးကို ကိုင်းဖြတ်ပြီးပြီးချင်းထည့်ပေးပါ။ ကြီးထွားနေဆဲ သရက်ပင်များကို မြေပြင်မှ ၂ ပေအောက်ရှိ အနိမ့်ကိုင်းများကို ဖယ်ရှားပစ် ရန်နှင့် ယင်းအထက်တွင် ပင်စည်ပေါ်၌ ပင်မကိုင်း ၃ ကိုင်းမှ ၄ ကိုင်းကို ချန်ထားပေးရန် ပုံသွင်းပေး သင့်ပါတယ်။ အပင်ကြီးထွားမှုကို အရှိန်ရစေရန် အသီးစသီးသည့် ပထမနှစ်တွင် သီးလာသည့် အသီးများ ကို ဖယ်ရှားပေးသင့်ပါတယ်။ ကိုင်းဖြတ်ပေးခြင်းကို အသီးသီးပြီးနောက် အညွန့်သစ်များ မထွက်မီ ပြုလုပ်ပေးရပါမည်။ ကိုင်းဖြတ်ပေးခြင်းကို ခြံငယ်များအတွက် အပင်ကို ထိန်းချုပ်ထားရန် အတွက်လည်း ပြုလုပ်ပေးရပါသည်။ ကိုင်းဖြတ်ပေးခြင်းကြောင့် အသစ်ထွက်လာသည့် ကိုင်းများမှ ပန်းပွင့်နောက်ကျခြင်းကိုလည်း မျှော်မှန်းရရှိနိုင်ပါတယ်။ သရက်ပင်ငယ်များသည် ရေရမှုမနည်းသင့်ပါ။မိုးရွာသွန်းမှု အကန့်အသတ်ဖြစ်လျှင် ပထမနှစ်အတွင်း နှစ်ပတ်တစ်ကြိမ်၊ ဒုတိယနှစ်အတွင်း ၃ ပတ်တစ်ကြိမ်နှင့် ယင်းနောက်တွင် တစ်လ တစ်ကြိမ် ရေပေးသွင်းသင့်ပါတယ်။ အရွယ်ရောက်အပင်များသည် ပန်းမပွင့်မီအနည်းဆုံး ၂လတွင် ရေပေးသွင်းခြင်းကိုထိန်းချုပ်ပေးထားလျှင် (ရေဖြတ်ပေးထားလျှင်) ထုတ်လုပ်မှု ပိုလာပါမည်။ ပူ၍ ခြောက်သွေ့ရာသီ ဖြစ်သော်လည်း အသီးကြီးထွားမှုအတွက် အဆင်ပြေပါတယ်။ ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်ကြားတွင် ရေဖြည့်ပေးခြင်းသည် အထွက်နှုန်းကောင်းရန်အတွက် သင့်လျော်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။