ဖြေကြားချက် ၁ ခု
ဒီမေးခွန်းကို မဖြေခင်ပြန်မေးစရာတွေလည်းရှိပါတယ်။ ရေက အရွက်တွေကိုပါထိပြီး လောင်းလိုက်တာလား၊ ဒါမဟုတ် အပင်ကို ရေမစိုစေဘဲ မြေကြီးကိုလောင်းပေးတာလား။ အဲဒီရေလောင်းတိုင်း ဖြစ်နေတာလား။ ရေက ငံတယ်ဆိုတာ သောက်ကြည့်ပြီးပြောတာလား၊ ဒါမဟုတ် ရေရဲ့ pH တိုင်းတဲ့ရလဒ်ပေါ်မူတည်ပြီး ပြောတာလား။ တိုင်းတာလို့ရတာဆိုရင် pH က ဘယ်လောက်လဲ။ အရွက်တွေမှာ ဘယ်လိုပုံစံနဲ့ ခြောက်သွားတာလဲ။ သရက်ပင်မှာပဲ ရွေးပြီးဖြစ်တာလား၊ အနီးနားမှာစိုက်ထား/ပေါက်နေတဲ့အပင်တွေကိုရောမဖြစ်ဖူးလား။ ဘယ်နယ်မှာ ဖြစ်တာလဲ။ ဘာမြေအမျိုးအစားလဲ။ → သွင်းရေကြောင့် အပင်တွေပျက်စီးဆုံးရှုံးရတဲ့ဖြစ်စဉ်တွေ ပြသနာတွေအများကြီးရှိပါတယ်။ အဓိကကတော့ ရေမှာပါဝင်နေတဲ့ Chloride, Sodium, Boron စတဲ့ Ion များပုံမှန်ရှိသင့်တာထက် ပိုပြီးများပြားနေတာကြောင့် ဖြစ်ပါတယ်။ → ရေက ငံနေတာဆိုရင် အပင်အတွက်လိုအပ်တဲ့ တချို့ ဓာတ်တွေကို ချို့တဲ့မှုဖြစ်လာတတ်စေပါတယ်။ → မြေသားကန်ထဲမှာ ရေကို သာမန်သိုလှောင်ထားရုံနဲ့ ရေရဲ့ အငန်ဓာတ်လျော့သွားဖို့က မဖြစ်နိုင်ပါဘူး။ အကယ်၍ မိတ်ဆွေရဲ့ စိုက်ခင်းကကြီးပြီး စီးပွားဖြစ်စိုက်ထားတာဆိုရင် အခုအသုံးပြုနေတဲ့ ရေနဲ့ စိုက်ခင်းမြေကို ရေဆင်းမှာရှိတဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ကို ပို့ပြီး ဓာတ်ခွဲစမ်းသပ်ကြည့်စေချင်ပါတယ်။ ဒါမှသာ ရလဒ်ပေါ်မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။ ရလဒ်ပေါ်မူတည်ြ့ပီးမှ ဖြေရှင်းဖို့ နည်းလမ်းရှာတာ ပိုကောင်းပါတယ်။ By U Han Phyo Aung
ဆက်စပ်မေးခွန်းများ
ဒီပိုးကဘာပိုးလဲ ဘယ်လိုနှိမ်နှင်းရမလဲ နှမ်းပင်တွေမှာကျနေတာပါ
ဖြေကြားချက် 1 ခု
စပါးပင်တစ်လျှောက်မြေခံမှစ၌မြေသြဇာထည့်သွင်းပုံနှင့်ထည်သွင်းသည့်မြေသြဇာအမျိုးစားပုံစံလိုက်အသုံးဝင်ပုံကိုနားလည်သ...
ဖြေကြားချက် 1 ခု
နွေနှမ်းပွင့်သီးနေချိန်တွင်သင့်တော်သောအပူချိန်ကိုစင်တီဂရိတ်ဖြင့်သိလိုပါသည်
ဖြေကြားချက် 1 ခု
နှမ်းသီးနှံအထွက်တိုးနည်းလမ်းသိချင်ပါတယ်။
ဖြေကြားချက် 1 ခု
ရေမြုတ်စပါးများရေကျသွားချိန်ဘယ်နှစ်ရက်ခန့်အကြာတွင် မြေသြဇာ ကျွေးသင့်ပါသလဲ ခင်ဗျာ
ဖြေကြားချက် 1 ခု