ဖြေကြားချက် ၁ ခု
အတိအကျပြောဖို့ခက်ပါတယ်။ ပိုးကျခြင်းမကျခြင်းဟာ မြေပဲစိုက်ဧရိယာရဲ့ စိုက်ပျိုးဂေဟစနစ်၊ ရာသီဥတု၊ ပိုးရဲ့သဘောသဘာဝ စတာတွေအပေါ်မူတည်ပါတယ်။ ဆိုလိုတာက မြေပဲစိုက်ပျိုးစဉ်ကာကအတွင်း မြေပဲပင်ပြုစုစောင့်ရှောက်မှုအပေါ် မူတည်ပါတယ်။ ရာသီဥတုနဲ့ပတ်ဝန်းကျင်အခြေအနေပေးရင်တော့ ၁။ မွှေးထူနီခူကောင်၊ ၂။ မြေပဲရွက်ထွင်းပိုး (သို့မဟုတ်) မြေပဲရွက်လိပ်ရွက်ကပ်ပိုး၊ ၃။ ရွက်စုံစားခူမွှေးရှည်၊ ၄။ ပဲသီးတောင့်ထိုးပိုး၊ ၅။ ငမြောင်တောင်၊ ၆။ ဖူးစားပိုး၊ ၇။ ပျပိုး၊ ၈။ ဖြုတ်ပိုး၊ ၉။ ဖိုးလမင်း ကျိုင်း၊ ၁၀။ မြီးညှပ်ပိုး စတာတွေကျလေ့ရှိပါတယ်။
ဆက်စပ်မေးခွန်းများ