အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,951
လွန်ခဲ့သော ၅ နှစ် က · လက်ပံတန်း

ဆာလဖာ80%ပါတဲ့ ဆေးအမျိူးအစားက မတ်ပဲအပင်အတွက်ဘယ်လောက်အကျိူးရှိလဲဗျ ပြောပြပေးပါအုံးဆရာသမားတို့

အပင်အာဟာရ မတ်ပဲ မတ်ပဲပင်အာဟာရ
8

ဖြေကြားချက် ၈ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

မေးခွန်း၂ခုပေါင်းဖြေပေးပါမယ်။ဆာလ်ဖာဟာအစေ့အဆံပြည့်ဝစေတာကြောင့် ပွင့်သီးဝင်ချိန်မှာဖျန်းသင့်ပါတယ်.ဒါကြောင့် ကယ်လ်ဆီယမ်နဲ့ဆာလ်ဖာပါဝင်တဲ့ ဂျစ်ပဆမ်ကို နောက်ဆုံးကြားဝင်ချိန် / ပန်းပွင့်ချိန်မှာ (အစိုဓာတ်ရှိချိန်) တန်းကြားထဲဖြူးချပြီးကြားထွန်ဝင်ပေးရင် အပွင့်အသီးကောင်းပါတယ်။ဘိုကိတ်နဲ့ဘိုကတော်ဖြူကိုအားဆေးဖျန်းနိုင်ပါတယ်.ပန်းပွင့်ပြီဆိုရင် ပုလဲ+လက်ချားပွင့်သီးအားကောင်းစေတဲ့ရွက်ဖျန်းဆေးဖျန်းသင့်ပါတယ်.ဆေးဖျန်းပုံးတစ်ပုံးမှာ ပုလဲ ၁၆ ဇွန်း+လက်ချား ၄ဇွန်း အသုံး ပြုရမှာပါ။ပဲမျိုးရင်းဝင်အပင်တွေဟာ ပန်းစပွင့်ပြီဆိုရင် အမြစ်မှအဟာရဓာတ်ချက်လုပ်..ပေးပို့ခြင်းအားနည်းတတ်တာကြောင့် အရွက်မှတဆင့်ကျွေးသင့်တာကြောင့် ပန်းပွင့်ပြီဆိုရင် ရွက်ဖျန်းအားဆေး ပုလဲ.လက်ချားကိုအသုံးပြုသင့်ပါတယ်(မေးခွန်းတွေမမြင်မိလိုက်တာကြောင့်ပြန်လည်ဖြေဆိုမှုနောက်ကျတာကို တောင်းပန်ပါတယ်ခင်ဗျာ)

3,951 လွန်ခဲ့သော ၅ နှစ် က

u Aye Naing ဂျပန်ဘိုကိတ် ဘိုကတော်ဖြူက အားဆေးမဖြန်းရဘူးဆိုဟုတ်လားဆရာ ပြီတော့ အသီးဝင်ချိန်မှာ ပုလဲနဲ့လက်ချာရောဖြန်းလို့ရမရ ဖြေပေးပါအုံး ဆရာ

3,951 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ U Aye Naing အပင်ငယ်စဥ်အချိန်မှာလဲဖြန်းလို့ရလားဆရာ ပြီတော့ အသီးအပွင့်ဝင်ချိန်မှာလဲ ဆာလဖာ ကလိုအပ်လားဆရာ ဖြေကြားပေးပါအုံး

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

အစေ့အဆံပြည့်ဝမှုလည်းကောင်းပါတယ်.ပဲမျိုးစုံစိုက်ကြမယ်ဆိုရင် ဂျစ်ပဆမ်ကို မြေခံမှာရယ်.. နောက်ဆုံးကြားဝင်ချိန်မှာရယ် ထည့်ပေးသင့်ပါတယ်။ဒါကြောင့် ဘာ "ပဲ" စိုက်စိုက် ဂျစ်ပဆမ်ထည့်စိုက်ပါလို့အကြံပြုပါရစေ။

3,951 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ ko thant zin

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၅ နှစ် က

ဆာလဖာက မှိုရောဂါ ကာကွယ်ဆေးအနေနဲ့လည်း သုံးတယ် အစာချက်လုပ်အားကောင်းတယ် မွှားပင့်ကူကို အတန်အသင့်နိုင်ပါတယ်

3,951 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ပါ ပညာရှင်ကြီး😁😁

581 လွန်ခဲ့သော ၅ နှစ် က

ဒီလိုရှိပါတယ်မသိပါဘူး😅

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။