အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
580
လွန်ခဲ့သော ၈ နှစ် က · ဇီးကုန်း

ကျောက်စိမ်းငရုတ်ကိုဘယ်ဓာတ်မြေသြဇာကိုကျွေးရပါသလဲကျေးဇူးပြု၍ဖြေပေးပါ

စိုက်ပျိုးနည်း ငရုတ်သီး ငရုတ်ပင်အာဟာရ
2

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၈ နှစ် က

ဘာမှ‌ထွေ‌ထွေထူထူလုပ်‌မ‌နေနဲ‌အကိုစိုက်‌ပျိုးမဲစိုက်‌ကွက်‌ကို‌ဘောင်‌တင်‌‌ရေ‌‌မောင်‌းပီထွန်‌နှစ်‌ပြန်‌ကိုင်‌ပီနှမ်‌းရိုးနှစ်‌တန်‌ကိုဖြန်‌ချထားလိုက်‌ပါ အချိန်‌၃လ‌လောက်‌‌တောထား‌ပေပါ

လွန်ခဲ့သော ၈ နှစ် က

ယေဘုယျ အားဖြင့် သဘာဝအတိုင်းကောင်းစွာဆွေးမြည့်သော တိရစ္ဆာန် အညစ်အကြေးကို တစ်ဧကလျှင် ဆယ်တန်မှ ဆယ့်နှစ်တန်ထိ ထည့်သွင်းပါ။ မိုးအားကိုးစိုက်သောအခင်းတွင် ဖော့်စဖရပ် ခြောက်ပိသာနှင့် နိုက်ထရိုဂျင် ခြောက်ပိသာကို မြေပြင်ပြီး အပင်မရွှေ့ခင် စိုက်ခင်းထဲသို့ထည့်ပါ။ ဒုတိယတစ်ကြိမ်ခြောက်ပိသာကို အပင်ရွှေ့စိုက်ပြီး တစ်လအကြာတွင်ထည့်ပါ။ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်ကို လေးကြိမ်ခွဲကျွေးပါ။ စိုက်ပြီးလျှင်ပြီးခြင်း တစ်ကြိမ် လေးပတ်ကြာလျှင် ဒုတိယကြိမ်၊ ခုနှစ်ပတ်ကြာလျှင် တတိယကြိမ် နှင့် ခြောက်ပတ်ကြာလျင် စတုတ္ထအကြိမ် ထည့်ပါ။ တစ်ကြိမ်တွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် အချိုးကို ခြောက်ဆယ်သား၊ သုံးဆယ်သား၊ သုံးဆယ်သား အချိုးဖြင့်ကျွေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။